Thursday, May 16, 2013

ဆွေးမြေ့ည

သံစဉ်မမှန်တဲ့ ဂီတာအိုတစ်လက်နဲ့
မင်းအတွက် သံစဉ်တွေ ရှာဖွေရင်း…
မင်ကုန်ခါနီး ဖောင်တိန်တစ်ချောင်းနဲ့
မင်းအတွက် သီချင်းတွေ သီဖွဲ့ရင်း…
ယိုင်နဲ့နဲ့ သံစဉ်တွေနဲ့ မပီမသစကားလုံးတွေ
မင်းအတွက် ဟစ်ကြွေးသီဆိုရင်း…
မှုန်ဝါးဝါး မျက်ဝန်းတစ်စုံနဲ့
အိပ်မက်များကို တမ်းတရင်း…
မင်းရင်ထဲမှာ ငါ့အတွက် နေရာရှာဖွေရင်း….
မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ…..

မနောဖြူလေး ရေးဖွဲ့သည်။

သုံးရာသီ အလွမ်း


ချစ်သူရေ….
    နွေဦးရွက်ကြွေ၊ လေရူးဝေ့သော်
    ရင်မှာလေ နွမ်း၊ မင်းကိုလွမ်း၏။
    မိုးစက်လည်းကျ၊ မုတ်သုံစသော်
    ရင်မှာလေ တမ်း၊ မင်းကိုလွမ်း၏။
    ဆောင်းနှင်းစက်ကြွေ၊ နှင်းပန်းဝေသော်
    ရင်မှာလေ ချမ်း၊ မင်းကိုလွမ်း၏။
    နှစ်ဟောင်းလည်းကုန်၊ နှစ်သစ်ဆုံသော်
    ငါ့မှာလေ လန်း၊ မင်းကိုလွမ်း၏။
    ချစ်သူရေ………………..
    ရာသီချိန်ပြောင်း၊ နှစ်တွေလည်း ဟောင်း
    သတိရစိတ် တမ်းတမိလျက်
    ချိန်ခါပြောင်းလည်း
    မျှော်လင့်လျှက်ပါ ချစ်သူရယ်….

ရေးသားသူ – မနောဖြူလေး

Sunday, May 12, 2013

မြန်မာပြည်ကြီး မပြောင်းလဲသေးပါ




ကမ္ဘာမှာ ဖွံ့ဖြိုးမှု နောက်ကျနေသည့်၊ စက်မှုမထွန်းကားသည့်၊ ဆင်းရဲမှု မပပျောက်သေးသည့် နိုင်ငံများမှာ ဖွံ့ဖြိုးမှု ဖြစ်လာရန် နိုင်ငံတကာ ဖွံ့ဖြိုးမှုအေဂျင်စီများမှာ လုပ်ကိုင်နေသည့် ပညာရှင်များသည် နည်းလမ်း အမျိုးမျိုးကို ရှာဖွေခဲ့သည်။  ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်နေသည့် အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးမှု အကူအညီပေးသည့် ပုံစံများ (Development Aid Models) ပြောင်းလဲလာသည်ကိုလည်း တွေ့ရသည် စစ်ပြီးကာလမှာ ၄င်းတို့ပေးသည့် ဖွံ့ဖြိုးမှု အကူအညီ အများစုသည် စက်ရုံ အလုပ်ရုံများ၊ လမ်းပန်းဆက်သွယ်ရေးကဲ့သို့သော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် အတွက် ပေးသည့် အကူအညီများဖြစ်သည်။ ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင်များက သုံးသတ်သည်မှာ ဒုတိယ ကမ္ဘာစစ်ပြီး လွတ်လပ်ရေး ရရှိသွားသည့် အာဖရိကတိုက်နှင့် အာရှရှိနိုင်ငံများတွင် ဖွံ့ဖြိုးမှုနောက်ကျနေရခြင်းမှာ ကုန်ထုတ်စွမ်းအား (productivity) ကို တိုးတက်စေသည့် အရင်းအနှီးများ မပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။