Thursday, December 13, 2012

ကိုယ့်ရဲ့နာမည်


စိတ်တွင် မနော
ဖြူသည့် စိတ်ရင်း
သတ်မှတ်ရင်းဖြင့်
မနောဖြူလေးဟု
မည်တွင်သညာ၊ အဟံ ငါသည်
အလင်္ကာမှ၊ သိမ်မွေ့လှသည့်
ရသစာပေ၊ ကဗျာများကို
ပေးဝေပြီးခါ၊ ဆက်၍သာလျှင်
ဖြန့်ဝေသွားမည်။
မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု
ဝမ်းနည်းမှုကို မျှဝေသွားမည်
လောကတစ်ခွင် ဘုံ ၃၁
နေနေသမျှ ကာလပတ်လုံး
သင်းပျံ့ပန်းကုံး သီကုံးရင်းနဲ့
တတ်စွမ်းသမျှ ကူညီသွားမည့်
မနောဖြူလေးပင် ဖြစ်ပေသည်။

No comments:

Post a Comment