Monday, February 23, 2015

ပြည်တွင်း ပြည်ပ ဘဏ်များ



State Owned Banks
အမှတ်စဉ်
ဘဏ်အမည်
၁။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
၂။
မြန်မာ့စီးပွားရေးဘဏ်
၃။
မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်
၎။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

 
 Private Banks
No.
Name of Bank
၁။
မြန်မာနိုင်ငံသားများဘဏ် လီမိတက်
၂။
ပထမပုဂ္ဂလိကဘဏ် လီမိတက်
၃။
ရတနာပုံဘဏ် လီမိတက်
၎။
မြဝတီဘဏ် လီမိတက်
၅။
ရန်ကုန်မြို့တော်ဘဏ် လီမိတက်
၆။
ရိုးမဘဏ် လီမိတက်
၇။
မြန်မာအရှေ့တိုင်းဘဏ် လီမိတက်
၈။
အာရှ-ရန်ကုန်ဘဏ် လီမိတက်
၉။
ထွန်းဖောင်ဒေရှင်းဘဏ် လီမိတက်
၁၀။
ကမ္ဘောဇဘဏ် လီမိတက်
၁၁။
မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် လီမိတက
၁၂။
မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် လီမိတက်
၁၃။
စည်ပင်သာယာရေးဘဏ် လီမိတက်
၁၄။
အင်းဝဘဏ် လီမိတက်
၁၅။
သမဝါယမဘဏ် လီမိတက်
၁၆။
Asia Green Development Bank Ltd*
၁၇။
ဧရာဝတီဘဏ် လီမိတက်
၁၈။
United Amara Bank Ltd
၁၉။
Myanma Apex Bank Ltd
*With effect from 9 July 2012, these banks have started operating Foreign Exchange Accounts.
  Representative Offices of Foreign Banks
No.
Name of Bank
1
United Oversea Bank Ltd
2
Overseas-Chinese Banking Corporation Ltd
3
Malayan Banking Berhad (MAYBANK), Malaysia
4
Bangkok Bank Public Company Ltd
5
National bank Ltd
6
Brunei Investment Bank (BIB)
7
First Overseas Bank Ltd
8
First Commercial Bank, Singapore Branch
9
CUMB Bank Berhad
10
Sumitomo Mitsui Banking Corporation
11
DBS Bank Ltd
12
The Bank of Tokyo-Mitsubishi UFJ, ltd
13
Bank for Investment and Development of Vietnam
14
AB Bank Ltd
15
Industrial and Commercial bank of China Ltd
16
Mizuho Corporate Bank Ltd
17
Siam Commercial Bank Public Company Ltd
18
Krung Thai Bank Public Company Ltd

မြန်မာနိုင်ငံသည် တိုးတက်ရေး ပြောင်းလဲမှု လုပ်ငန်းစဉ် များကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ခွင့်ပြုချက် ဖြင့် ပြည်ပငွေရေးကြေးရေး ကုမ္ပဏီ နှင့် နိုင်ငံခြားဘဏ်ခွဲ (၃၄) ခု လာ ရောက်ဖွင့်လှစ်ထားကြောင်း သတင်း ရရှိသည်။ မြန်မာနိုင်ငံပြည်တွင်း၌ ပုဂ္ဂလိ ကဘဏ်လုပ်ငန်း (၂၂) ခုအပြင် ဘဏ်ခွဲ (၅၈၁) ခုဖွင့်လှစ်ထားပြီး အ စိုးရပိုင်ဘဏ်လုပ်ငန်း လေးခုဖြစ် သော နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ၀ယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် စသည်တို့မှ ဘဏ်ခွဲ (၅၀၅) ခု ဖွင့် လှစ်ထားကြောင်း ဗဟိုဘဏ်၏ထုတ် ပြန်ကြေငြာချက်အရ သိရှိရသည်။ ပြည်တွင်း၌ဖွင့်ထားသော ပုဂ္ဂ လိကကုမ္ပဏီများအနက် ပြည်ပမှ ငွေ ရေးကြေးရေး ကုမ္ပဏီနှင့် နိုင်ငံခြား ဘဏ်ခွဲ (၃၄) ခုကိုလည်း ဗဟိုဘဏ် မှ လုပ်ကိုင်ခွင့် ချထားပေးကြောင်း သတင်းရရှိသည်။ ဖွင့်လှစ်ထားသော ကုမ္ပဏီများအနက် အချို့ကုမ္ပဏီများမှာ လုပ်ငန်းစတင်ဆောင်ရွက်နေကြပြီး အချို့သော ကုမ္ပဏီများမှာ ဈေးကွက်အခြေအနေကို လေ့လာစောင့် ကြည့်နေဆဲ ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများအနက် အချို့သောကုမ္ပဏီများသည် ပြည်တွင်းမှ ကုမ္ပဏီများဖြင့် ပူးပေါင်း လုပ်ကိုင်မှုများ ရှိနေကြောင်း သတင်းရရှိသည်။ ထို့အပြင် လာရောက်ဖွင့်လှစ်သော ကုမ္ပဏီတစ်ခုဖြစ်သည့် ဂျပန် ငွေကြေးလုပ်ငန်း AEON Credit Service Company သည် အိမ်သုံး ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ၀ယ် ယူရရှိနိုင်စေရန် ငွေချေးသောလုပ်ငန်းများ ဆောင်ရွက်နေပြီး အဆိုပါပြည်ပကုမ္ပဏီများသည် (၂၀၁၅) ခုနှစ်တွင် စတော့အိတ်ချိန်းစတင်နိုင်ရန် ပြည်တွင်းသို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီး ပြည်ပငွေကြေးကုမ္ပဏီများ ၀င်ရောက် လာရန်ရှိကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ အာရှနဲ့ ပစိဖိတ်ရေးရာရုံး တာဝန်ခံ မစ္စတာ ခမ်ယုံရီက မကြာခင်က ငွေကြေးနဲ့ ဖွံ့ဖြိုးရေး မဂ္ဂဇင်းမှာ ဆောင်းပါး တစ်ပုဒ် ရေးသားခဲ့ရာ၊ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း အာရှတိုက်ဟာ တလျှောက်လုံးဆိုသလို ကမ္ဘာ့စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အင်ဂျင် တစ်လုံ်း ဖြစ်ပြီး နှစ်စဉ် ပျမ်းမျှ စီးပွါးရေး တိုးတက်နှုန်းဟာ ၆ ရာခိုင်နှုန်း နီးပါး ရှိခဲ့ကြောင်း၊ စီးပွါးရေး လျင်မြန်စွာ တိုးတက်လာနေပေမယ့် အာရှဒေသမှ စီးပွါးရေးအုပ်စုအားလုံးဟာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နေရကြောင်း၊ အဲဒီ စိန်ခေါ်မှုတွေဟာ အလယ်အလတ်စားဝင်ငွေဆိုင်ရာ အန္တရာယ်များ ဖယ်ပေးခြင်း၊ စီမံခန့်ခွဲမှုနဲ့ စနစ်တွေ ပိုမို ပြည့်စုံကောင်းမွန်လာစေခြင်း၊ သက်ကြီးရွယ်အိုဦးရေ တိုးလာမှု ပြဿနာကို ဖြေရှင်းပေးခြင်း၊ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာနေတဲ့ တန်းတူညီမျှ မရှိမှုကို ထိန်းချုပ်ခြင်းနဲ့ ငွေကြေးလုပ်ငန်း တွန်းအားပေးခြင်းတို့ ဖြစ်ကြောင်း သုံးသပ် ဖေါ်ပြပါတယ်။
ဆောင်းပါးထဲမှာ၊ အာရှတိုက်မှာ ဆင်းရဲသားဦးရေ သန်း ၇၀၀ နီးပါး ရှိပြီး ကမ္ဘာ့ ဆင်းရဲသား စုစုပေါင်းဦးရေရဲ့ ၆၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အဲဒီဆင်းရဲ့သားတို့ရဲ့ နေ့စဉ် ပျမ်းမျှ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁့ ၂၅ လောက်ပဲ ရှိပြီး အခု အဲဒီလို ဝင်ငွေ ညီညီမျှမျှ မရှိတဲ့ အခြေအနေ ဆက်လက် ပြင်းထန်ဆိုးဝါးလာနေကြောင်း၊ အာရှဒေသမှ ထွန်းသစ်စ ဈေးကွက်တွေဟာ အလယ်အလတ်ဝင်ငွေ အဆင့်ကာလကို ကျော်လွန်ပြီး ဖွံ့ဖြိုးပြီး စီးပွါးရေး အုပ်စု အဖြစ်သို့ တိုးမြှင့်ဖို့ တာဝန်နဲ့ ရင်ဆိုင်နေရကြောင်း၊ အဲဒီတာဝန်ဟာ လွန်စွာ ခက်ခဲတဲ့ တာဝန် တစ်ရပ် ဖြစ်ကြောင်း၊ အခု အာရှ စီးပွါးရေးအုပ်စု တချို့က အခက်အခဲ များပြားတဲ့ ဖွံ့ဖြိုးမှု အသွင်ပုံစံ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ တက်လှမ်းလိုက်ပြီ ဖြစ်ကြောင်း ရေးသားဖေါ်ပြပါတယ်။
အမေရိကန် ဘလူးကင်စ် အသင်းမှ ကျွမ်းကျင်ပညာရှင် ဒယ်ဗီ ဒေါ်လာကလည်း ငွေကြေးနဲ့ ဖွံ့ဖြိုးရေးမဂ္ဂဇင်းမှာ ဆောင်းပါး တစ်ပုဒ် ရေးသားပြီး၊ တရုတ်ပြည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲခြင်းဟာ တခြား အာရှ ဖွံ့ဖြိုးဆဲနိုင်ငံနဲ့ဒေသများ အတွက် အခွင့်ကောင်း ဖန်တီးပေးနေကြောင်း၊ တရုတ်ပြည် စီးပွါးရေးဟာ ငွေရင်းမြှုပ်နှံမှုကို အားကိုးရာကနေ ကုန်ပစ္စည်း စားသုံးမှုကို အားကိုးခြင်း အထိ ပြောင်းလဲခြင်း၊ တရုတ်ပြည် ကျေးလက်လူဦးရေဟာ မြို့ပြလူဦးရေအဖြစ် ပိုမို သွက်လက် အဆင်ပြေစွာ ပြောင်းလဲလာခြင်း၊ တရုတ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ခြင်းနဲ့ မူဝါဒများ ပြုပြင်ပြောင်းလဲခြင်းတို့ဟာ တခြား အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများကို ဖန်တီးပေးနေကြောင်း သုံးသပ်ထားပါတယ်။
ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ အာရှနဲ့ ပစိဖိတ်ရေးရာရုံး တာဝန်ခံ မစ္စတာ ခမ်ယုံရီက၊ အာရှ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရင် လာမယ့် အနှစ် ၂၀ အတွင်း အမေရိကန်နဲ့ ဥရောပကို ကျော်လွန်သွားနိုင်မှာ ဖြစ်ကြောင်း၊ အာရှ စီးပွါးရေး အလားအလာ ကောင်းမွန်မှုကြောင့် လူတွေက ၂၁ ရာစုကို အာရှ ရာစုလို့ ခေါ်ဝေါ် နေကြကြောင်း၊ အာရှ စီးပွါးရေး အလားအလာ ကောင်းမွန်ပေမယ့် အောင်မြင်လိမ့်မယ်လို့တော့ အတိအကျ မပြောနိုင်သေးကြောင်း၊ အနာဂတ် အာရှ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးရဲ့ သော့ချက်ကိစ္စဟာ ဖြစ်နိုင်ဖွယ်ရာ အန္တရာယ်များကို ထိန်းချုပ်နိုင်တဲ့ တိုးတက်မှုကို အာမခံပေးနိုင်တဲ့ မှန်ကန်တဲ့မူဝါဒများကို ကျင့်သုံးဖို့ပဲ ဖြစ်ကြောင်း ဆောင်းပါးထဲမှာ ရေးသားဖေါ်ပြပါတယ်။

No comments:

Post a Comment