Tuesday, March 5, 2019

ဝေလည်းမွှေး ကြွေလည်းမွှေး





မင်းရဲ့ဘ၀လေး
ပင်ယံမြင့်မှာ အဆင်သင့်လို့
အစဉ်တင့်မယ်ဆိုရင်
ပင်ခြေအောက်က ပန်းကောက်သူ
တို့ရင်မှာ ကြည်နူးရင်းနဲ့
အမြဲပန်ဆင်နေသူပါ
ခုတော့….
ကံကြမ္မာ အခြေမလှလို့
နာဂစ်ရဲ့ ရိုက်ချက်ကြောင့်
လဲပြိုခဲ့ရတဲ့
ပင်ခြေတောင် မမြင်ရတော့တဲ့
ပန်းခရေရေ…
တို့ဆံနွယ်မှာ ပန်ဆင်ခွင့်တွေ
စိတ်သုဉ်းခဲ့တာ ကြာခဲ့ပြီလေ
ခုတော့…
ဖွဖွလေးကောက်
ရွရွလေးသီပြီး
ပန်ဆင်ခဲ့ဖူးတဲ့
ပန်းခြောက်ကလေးတွေကိုပဲ
မြတ်နိုးစွာနဲ့ သိမ်းဆည်းထားလျက်
ပန်းခရေတွေ နွမ်းကြွေပေမယ့်
သစ္စာရှိစွာ သင်းပျံ့နေလျက်ပါ
ပန်းခြောက်ကလေးရယ်……

မနောဖြူလေး

No comments:

Post a Comment