Tuesday, November 17, 2020

အတိတ်၏ခြေရာ

 


ပြီးခဲ့တဲ့နှစ်တွေက
တစ်စတစ်စနဲ့
ပျောက်ဆုံးသွားခဲ့လေပြီ။

အတိတ်ရဲ့နေ့ရက်များက
ထူထဲခဲပျစ်တဲ့ဒုက္ခတရားတွေနဲ့အတူ
ထူထဲကြမ်းတမ်းတဲ့ဖြတ်သန်းခြင်းများစွာဖြင့်
ထူထဲခက်ခဲလှတဲ့ ဝမ်းစာရေးနှင့်အတူ
လှုပ်ရှားရုန်းကန်နေဆဲ….

ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
လူတိုင်း ပါးစပ်ဖျား ပြောကြားနေလျှက်
တစ်နာရီပြီး တစ်နာရီ
တစ်နေ့ပြီး တစ်နေ့
တစ်လပြီး တစ်လ
တစ်နှစ်ပြီး တစ်နှစ်
ဖြတ်ကျော်နေမြဲ
မပြီးဆုံးသေးသော ကန္တာရခရီးကြမ်း
ဆက်လျှောက်နေဆဲ….

ဘဝက ခါးသီးတာလား
ခါးသီးတဲ့ဘဝကို ကျေနပ်နေသလား
ခုတိုင် ထင်မှတ်မှားနေဆဲ……

ပြန်မရသော အတိတ်
ခြေရာကောက်ရင်း
ချထားပစ်ခဲ့တဲ့ အလင်းရောင်ဆီ
တစ်ခေါက်ပြန်အရောက်ဟာ
ဖြစ်လာနိုင်ပါဦးမလား…

မနောဖြူလေး

 

No comments:

Post a Comment