Tuesday, November 17, 2020

မရေရာပဲ လေလွင့်သူ

 

 Wallpaper Blessed Coffee em 2020 | Esboços de desenho de menina, Ilustração  de café, Produção de arte

မရေရာတဲ့နေ့တစ်နေ့ကို
မပျော်မွေ့တဲ့ အချိန်များနဲ့
ခြောက်ခန်းမသွားစေချင်…
ကော်ဖီတစ်ခွက်နဲ့
သက်ပြင်းအခါခါချ
ကုန်ဆုံးသွားတဲ့ကာလတွေကို
နှမြောမိတယ်…..
မရေရာတဲ့ ခြေလှမ်းတွေက
ကမ္ဘာမြေကို နမ်းရှိုက်ရင်း
တွယ်ရာမဲ့တဲ့ဘဝတွေမို့
ဘယ်ဆီဘယ်ဝယ်ထိ
လေလွင့်နေမယ်ဆိုတာ
ငါ့ကို ငါ မသိသေးပါတကား….။

အမှတ်တမဲ့တွေဟာ အမှတ်တရဖြစ်နေဆဲပါ

 

 


ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။
ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။

နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင်

နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။
ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ ဘာလဲဆိုတော့ ကျောင်းအခန်းထဲမှာ သူငယ်ချင်းတွေကို အော်တိုရေးခိုင်းတတ်တဲ့အကျင့်လေးတစ်ခုပါပဲ။ အဲဒီအကျင့်ကတော့ မိတ်ဆွေတွေ၊ ခင်မင်တဲ့သူတွေနဲ့တွေ့လည်း

ရေးခိုင်းတတ်သေးတယ်။ ခုချိန်ထိတော့ သင်တန်းတွေ တက်လည်း ရေးခိုင်းနေတုန်းပဲ။ သူတို့ရေးပေးတဲ့ အော်တိုထဲက အမှတ်တရတွေကလည်း ဘယ်အချိန်ပဲ ပြန်ဖတ် ပြန်ဖတ်၊ ဖတ်လိုက်တဲ့အချိန် ခဏလေးအတွင်းမှာပဲ အဲဒီအမှတ်တရရေးပေးတဲ့

အချိန်ကာလလေးကို ပြန်ရောက်ရှိသွားသလို ခံစားရတယ်။ အဲလိုအချိန်ဆို ဘေးမှာ သူငယ်ချင်းတွေ၊ ခင်တဲ့မိတ်ဆွေတွေ ပျော်တပြုံးပြုံးနဲ့ စိတ်ကြည်နူးမှုကို လှိုက်လှဲစွာ ခံစားမိတယ်။ အင်း… အဲဒီလိုအခါမှာ ကိုယ့်ဘာသာ ကောက်ချက်ချမိတယ်။ ငါ

စိတ်ကူးယဉ်သမားတွေထဲမှာ တစ်ယောက်အပါအဝင်ပါလားလို့လေ။ တစ်ခါတလေ စိတ်ညစ်စရာတွေနဲ့ ကြုံလာတဲ့အခါ သူငယ်ချင်းနဲ့ ကိုယ့်ပေါ်ကောင်းတဲ့သူတွေ အနားမှာ မရှိခဲ့ဖူးဆိုရင် ဒီအမှတ်တရစာအုပ်လေးတွေကတော့ ကျွန်မရဲ့

အဖော်မွန်တစ်ဦးပါပဲ။ ကိုယ်တိုင်ကပဲ အပေါင်းအသင်းမင်တတ်တဲ့ လူစားမို့လို့လား မသိဘူး။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်သူငယ်ချင်းက လာခေါ်ခေါ် မအားဘူးဆိုတဲ့ အသုံးအနှုန်း တစ်ခါဖူးမှ မပြောမိခဲ့ဘူး။ အမြဲအဆင့်သင့်လိုက်ပေးခဲ့တယ်။

ဒါကြောင့်လည်း သူငယ်ချင်းကောင်းတွေ ရရှိခဲ့တာလား မစဉ်းစားကြည့်မိပါဘူး။ ဒါနဲ့ ကျွန်မလိုဘဲ ခံစားကြည့်ချင်လား။ ပတ်လိုက်တဲ့အချိန်မှာ ရေးပေးတဲ့သူတွေနဲ့ တွေ့ဆုံတဲ့ အချိန်ကလေးကို ပြန်ရောက်သွားတယ်လို့ ပြောတာ မယုံဘူးမလား။

အမှတ်တမဲ့ကနေ အမှတ်တရလေးတွေ အများကြီး ပေးစွမ်းပါတယ်။ ခုလောလောဆယ်တော့ ကျွန်မနဲ့ ခင်မင်သိကျွမ်းပြီး ရင်းနှီးမှုလေးတွေ ရရှိထားတဲ့သူတွေ ရေးပေးထားတာလေးတွေ ပြန်ဖတ်ပြီး အဲဒီအချိန်ကာလကို သွားနေတယ်ဆိုတာကို

ပြန်ရေးပြမယ်နော်။ တကယ်လို့သာ ကျွန်မလို ရင်ထဲက ခင်မင်မှုတွေနဲ့ ရှင်သန်နေတဲ့ ဝန်းကျင်လေးရှိခဲ့ရင် ပြန်လည်သတိရ အောင်းမေ့ လွမ်းဆွတ်နေစေဖို့ပေါ့။ သူတို့တွေက ဒီလိုလေးတွေ ပြောထားတယ်။

ခါတစ်ရံ
နံနက်ခင်း
အပြုံးတွေ
လင်းလို့
ခင်မင်လေးစာစွာ
(ကမ်းဝေး)

———————————————————

လွတ်လပ်စွာ
ပျံသန်းနိုင်တဲ့တစ်နေ့
ကောင်းကင်မှာ တွေ့ကြမယ်
BLACKCHAW

————————————————–
ခင်မင်တတ်တဲ့
အဘ FR

ပျော်စရာကြီး… နော
nozomi

——————————————————-

ကံကောင်းခြင်းများ
ခဏ ခဏကြုံပါစေ

Char too Lan

——————————————————-

မနောဖြူလေး
မင်္ဂလာရှိသော
နေ့များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
Sue

——————————————————

ဘဝရဲ့ ကောင်းကျိုးဆိုးကျိုးတွေဆိုတာ
ကိုယ်လုပ်တဲ့ အကြောင်းတရားက
ရရှိလာတဲ့ အကျိုးတရားပါပဲ
nature
————————————————
နံနက်ခင်းတိုင်း
အပြုံး
ဝတ်ရုံတစ်စုံနဲ့
နိုးထနိုင်ပါစေ
အာဂ

ပျော်ရွှင်ခြင်း
မနက်ဖြန်များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
နွယ်ပင်

—————————————————–
အမြဲပျော်ရွှင်နိုင်ပါစေ
Pan Pan Chit
—————————————————-

ချမ်းမြေ့ပျော်ရွှင် အောင်မြင်သောဘဝကို
ရရှိပိုင်ဆိုင်နိုင်ပါစေ
Ma Ma

—————————————————-
ဘဝနှင့် ဆန္ဒ တစ်ထပ်တည်း ကျနိုင်ပါစေ
ရင်ငြိမ်းနွေး (နွေးသီး)

—————————————————-
Merry Christmas and
happy new year!
Wei Wei
—————————————————-

စိတ်ထားကောင်းရင်
ကံကောင်းတယ်တဲ့
နဂိုထဲက မနောဖြူဆိုလို့
ကံကောင်းစေဖို့
ဆုတောင်းပေးစရာ
မလိုတော့ဘူး ထင်ပါတယ်
မှော်ဆရာ
——————————————————

အမှန်တရားကို ရှာဖွေရင်း
အမှားမှား အယွင်းယွင်းတွေကိုမှ
ချဉ်ချင်းတပ်မိတဲ့ဘဝ
နက်ဖြန်ရှိရင် လှမှာပါ
ထက်ဝေး

ကဲ… မိတ်ဆွေတို့လည်း ခုလို အမှတ်တရလေးတွေ ရှိခဲ့ရင် ပြန်လည်ရောက်ရှိ ခံစားလိုက်ပါနော်။ မနောကို ခင်မင်ကြတဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ခုချိန်မှာ ရှိခဲ့ရင်လည်း သူတို့လိုပဲ အမှတ်တရ စကားလေးတွေ ရေးပေးခဲ့ပါဦးလို့

ပြောလိုက်ပါရစေနော်။

အားလုံးရဲ့
မနော

 

အတိတ်၏ခြေရာ

 


ပြီးခဲ့တဲ့နှစ်တွေက
တစ်စတစ်စနဲ့
ပျောက်ဆုံးသွားခဲ့လေပြီ။

အတိတ်ရဲ့နေ့ရက်များက
ထူထဲခဲပျစ်တဲ့ဒုက္ခတရားတွေနဲ့အတူ
ထူထဲကြမ်းတမ်းတဲ့ဖြတ်သန်းခြင်းများစွာဖြင့်
ထူထဲခက်ခဲလှတဲ့ ဝမ်းစာရေးနှင့်အတူ
လှုပ်ရှားရုန်းကန်နေဆဲ….

ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
လူတိုင်း ပါးစပ်ဖျား ပြောကြားနေလျှက်
တစ်နာရီပြီး တစ်နာရီ
တစ်နေ့ပြီး တစ်နေ့
တစ်လပြီး တစ်လ
တစ်နှစ်ပြီး တစ်နှစ်
ဖြတ်ကျော်နေမြဲ
မပြီးဆုံးသေးသော ကန္တာရခရီးကြမ်း
ဆက်လျှောက်နေဆဲ….

ဘဝက ခါးသီးတာလား
ခါးသီးတဲ့ဘဝကို ကျေနပ်နေသလား
ခုတိုင် ထင်မှတ်မှားနေဆဲ……

ပြန်မရသော အတိတ်
ခြေရာကောက်ရင်း
ချထားပစ်ခဲ့တဲ့ အလင်းရောင်ဆီ
တစ်ခေါက်ပြန်အရောက်ဟာ
ဖြစ်လာနိုင်ပါဦးမလား…

မနောဖြူလေး