

သူငယ်ချင်းများနဲ့အတူ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ၀င်းစိန်တောရ ရတနာတောင်သို့ ရောက်ရှိခဲ့ပါတယ်။ အထက်ပါ ဘုရားကြီးသည် ကမ္ဘာပေါ်တွင် အတောင် ၄၀၀ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဇိနသုခရန်အောင် ချမ်းသာဘုရားကြီး ဖြစ်ပါတယ်။ တစ်ခါမှ ဖူးမြော်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ မြင်လည်း မမြင်ဖူးဘူးလေ။ အရမ်း အံ့သြဖို့ကောင်းတယ်နော်။
သူငယ်ချင်းက ကျိုက္ခမီ၊ စက်စဲ သွားမယ် လိုက်မလားလို့ မေးတော့ မရောက်လည်း မရောက်ဖူးတာနဲ့ ဘယ်လောက် ကုန်မှာလဲလို့ အရင်မေးရသေးတယ်လေ။ ပြီးမှ သိပ်မကုန်ရင် လိုက်ခဲ့မယ်။
တစ်ခါမှ မရောက်ဖူးသေးဘူးလို့ ပြောလိုက်တယ်။ သူတို့နဲ့က ကျိုက်ထီးရိုးသွားတုန်းကလည်း လိုက်သွားဖူး တော့ သူငယ်ချင်းရုံးက လူတွေ အားလုံးနဲ့ကလည်း ရင်းနှီးနေပြီလေ။ အားလုံးကလည်း အတင်း လိုက်ခိုင်းကြတယ်။ ပြီးတော့ လူလည်း ညီတယ်။ အားလုံးက စိတ်ထားကောင်းပြီး ဖော်ရွေကြတယ်။ အခု သွားမှာကလည်း ထား၀ယ်အသင်းနဲ့ သွားမှာတဲ့။
ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုနယ်ရှိ အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်း တောင်ပေါ်မှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ တန်ခိုးကြီးတဲ့ စေတီတစ်ဆူ ဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီကို အစွဲပြုပြီး စေတီတည်ရှိတဲ့ တောင်ကိုလည်း ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြတယ်။၊ ကျိုက်ထီးရိုးစေတီ တည်ရှိရာ တောင်ထွတ်မှာ ပင်လယ်ပြင်မှ ပေ ၃၆၀ဝ ခန့် မြင့်ပါတယ်။
ကျိုက်ထီးရိုးစေတီ တည်နေပုံမှာ အံ့သြဖွယ်တော်တော် ကောင်းပါတယ်။ ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင် တစ်ခုရဲ့ အစွန်းမှာ လုံးပတ် ပေ ၅၀ ခန့် ရှိသော ဦးခေါင်းပုံသဏ္ဍာန် ကျောက်လုံးကြီး တစ်ခုက ပြုတ်လုတည်းကာ တင်နေတာကို တွေ့ရတယ်။ အဲဒီကျောက်တုံးကြီးပေါ်တွင်မှ—ဉာဏ်တော် ၁၅ ပေခန့် မြင့်သော စေတီတော်ကို တည်ထားတာ တွေ့ရတယ်။ ပြီးတော့ စေတီတည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေပြီး သံတံတားငယ်ဖြင့် ဆက်သွယ်ထားတာကို တွေ့ရပါတယ်၊ စေတီ တည်ထားရာ ကျောက်တုံးကြီးဟာ လူတစ်ယောက် တွန်းလိုက်ရုံနှင့် လှုပ်ရှားသွားတာ တွေ့နိုင်တယ်။ ထိုကျောက်တုံးကို တွန်းပြီအောက်ခံကျောက်အကြားကို အပ်ခြည်ကြိုးသွင်းပြီး ဆွဲယူနိုင်လို့ရတယ်။