Showing posts with label Business. Show all posts
Showing posts with label Business. Show all posts

Monday, February 3, 2025

လုပ်ငန်းခွင်အတွင်း ဘာကြောင့် ဝန်ထမ်း မမြဲကြတာလဲ

 

ဒီလိုပုံစံကို သဘောကျတာလား

 စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံ လိုအပ်ချက်များ ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ဝန်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန် အတော်ကြာ ဝင်ရောက် လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်း မရှိပဲ တစ်နေရာမှ နောက်တစ်နေရာ သို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ြေပာင်းလဲမှုတွေ လုပ်နေသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ဝန်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခ လစာငွေကြောင့်လား၊ နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့ ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ Management အတော်လိုသေးတယ် လို့ မြင်မိပါတယ်။ ပြောတော့သာ Human Resource၊ Human Resource နေရာတိုင်းမှာ ကြားနေရတယ်။ ဒီတော့ ပြန်လည် သုံးသပ်ကြည့်မိတယ်။ ဒီ Human Resource ဆိုတာကြီးက ဘာလဲပေါ့။ တကယ်လို့သာ HR အဲ အလွယ်ပဲ ခေါ်လိုက်မယ်။ အမှန်တကယ်သာ HR နဲ့သာ စနစ်တကျ စီမံ အုပ်ချုပ်မယ်ဆိုရင် ဒီဝန်ထမ်းတွေ အလုပ်က ထွက်စရာအကြောင်း မရှိဘူးလို့ မြင်မိတယ်။ ကျွန်မ သိသလောက် သုံးသပ်ကြည့်မယ်။ HRဆိုတာ Humanတွေကို Focus လုပ်တာ။ နောက် HRနဲ့လည်း မပြီးပြန်ဘူး၊ Admin ဆိုတာ ပါရဦးမယ်။ ဒီနှစ်ခုကို ခွဲခြားကြည့်တော့ Adminပိုင်းက ဥပဒေအတိုင်းတို့၊ စည်းမျဉ်း စည်းကမ်း အတိုင်း အုပ်ချုပ်ပြီး လုပ်ငန်းခွင်အတွင်း လူမှမဟုတ် အရာအားလုံးကို စီမံတာ လို့ မြင်မိပါတယ်။ နောက်တစ်ပိုင်း HRရဲ့ သဘော သဘာဝကတော့ လူတွေကို ဂရုစိုက်ပြီး အဓိကက လူတွေကို ကိုင်တွယ်တယ်။ နောက်တစ်ချက်ကတော့ လူကို လူသားကဲ့သို့ ပုံစံမြင်ပြီး ဆက်ဆံတဲ့ ပုံစံပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ 



 

ဒီလိုပုံစံဆိုရင်ကော.....


ခုဆက်လက်ပြီး HR အကြောင်း ဆက်လက်ဆွေးနွေးကြည့်ရအောင်။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ လူတွေ လိုတယ်၊ နောက် ရှာဖွေတယ်၊ ဒီ HRကပဲ လုပ်ဆောင်ရမယ်။ ဒီလို ရှာဖွေရုံနဲ့ မပြီးသေးဘူး။ အရေးကြီးတဲ့အချက်က ဝန်ထမ်းတွေ ရွေးချယ်ပြီးပြီဆိုရင်တော့ မျှတတဲ့စနစ်၊ ခန့်ခွဲတဲ့စနစ် စတဲ့ အလုပ်သမားလည်း မနာရဘူး။ သူဌေးလည်း မနာရဘူး။ အဲလို စနစ်တွေနဲ့ HRက အမှန်တကယ် ကျင့်သုံးရမယ်။ ဒီလိုသာ စည်းစနစ် လုပ်ထားမယ်ဆိုရင်တော့ ဝန်ထမ်းတွေက ထွက်စရာ အကြောင်းကို မရှိဘူး။ အလုပ်ခွင်မှာ ဒီဝန်ထမ်းတွေဟာ ပျော်ရွှင်နေရမယ်။ ပျော်ရွှင်နေမှသာ လုပ်ငန်းကြိုးစားမှုရှိပြီး ဒီထက် အောင်မြင်မှာပါ။ ဝန်ထမ်းတစ်ယောက်ကို ဖြုတ်ပြီဆိုရင်လည်း ငါ သူဌေးပဲ ငါမလိုချင်လို့ ဖြုတ်တာ မင်းမှာ အပြစ် မရှိလည်း ထွက်ဆိုတဲ့ပုံစံတွေက အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အကျင့်စရိုက် လက္ခဏာ မဟုတ်ဘူး။ ခုခေတ်ကြီးမှာ ငါ တကော ကောနေတဲ့ လုပ်ငန်းရှင်တွေ ဒုနဲ့ ဒေး ရှိနေသေးတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ HR ပိုင်းကို နားမလည်လို့လား၊ နားမလည်ချင်ယောင် ဆောင်တာလား။ လုပ်ငန်း တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာဟာ ဒီဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ မစဉ်းစား တတ်ကြလို့လား။ ဒီလိုသာ လုပ်နေကြမယ်ဆိုရင်တော့ တကယ့် အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေ လက်လွတ် ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး လုပ်ငန်းခွင်ကိုလည်း ထိခိုက် နစ်နာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်း တစ်ယောက်ကို အလုပ်ရှင်တွေက လိုအပ်တာတွေ သင်ကြားပြီး အလုပ်မှ ထွက်ကြမယ်ဆိုရင် နောက် အသစ် အသစ် ဝန်ထမ်းတွေကို ထပ်ခန့်ပြီး ပြန်လည် သင်ကြားပေးနေရမှာ ဖြစ်လို့ပါပဲ။ ဒီလိုသာ အမြဲဖြစ်နေရင် သင့်ရဲ့ လုပ်ငန်း လည်ပတ်မှုဟာ ရှေ့ကို မရောက်ပဲ ကားမောင်းတတ်စ လူတစ်ယောက်လို့ နင်းလိုက် ဘရိတ်အုပ်လိုက် ဖြစ်နေတော့မှာပေါ့။ အရှိန်လေးရနေတုန်းမှာ ဘရိတ်အုပ်လိုက်ရင် ကားက ဘာဖြစ်သွားမလဲ။ အဲလိုပါပဲ ကိုယ်က ဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားက အစ ပြုပြင်သင်ကြားပေးပြီးချိန်မှာ ဒီဝန်ထမ်းက လုပ်ငန်းခွင်ကနေ ထွက်သွားရင် နောက်အသစ်တွေလည်း ပြန်ပြီး အစကနေ သင်ကြားပေးနေရဦးမှာ ဖြစ်ပါတယ်။ HR တစ်ယောက်က လူတော် တစ်ယောက်ကို နောက်ဆုံး မရတော့မှ ခေါ်ယူသတိပေးသင့်ပါတယ်။ ခု အတော်များများက လွဲမှားစွာ အုပ်ချုပ်နေသလား မသိ။ ကိုယ့်ရဲ့ ဝန်ထမ်း အရည်အချင်း တက်လာရင် တော်လာတာကို မြင်နေရင်လည်း မမြင်ချင်ယောင် ဆောင်နေမယ်။ အပြစ်ကလေး တစ်စုံတစ်ရာ ပြုလုပ်ခဲ့ပြီဆိုရင်တော့ လူလယ်ကောင်မှာ ဆူပူကြိမ်းမောင်းတဲ့ အပြုအမူသာ လုပ်နေရင်တော့ ဒီဝန်ထမ်း ဒီကုမ္ပဏီမှာ နေမှာ မဟုတ်ပဲ ထွက်ပြေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ ကို ပြုပြင်ဖန်တီးတဲ့အခါမှာ ဒီဝန်ထမ်းတော့ ပညာသင်ရင် တတ်လွယ်တယ်။ တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့ သူလည်း ဖြစ်တယ်။ စတဲ့အချက်တွေကို သိပြီးဆိုရင်ဖြင့် ဘယ်လုပ်ငန်းမဆို အိုင်ဒီယာအသစ်တွေ မရှိဘဲ အဟောင်းတွေနဲ့ပဲ နေရင် မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် အိုင်ဒီယာအသစ်တွေရှိသော လူငယ် လူရွယ်တွေကို ကုမ္ပဏီတိုင်းက အလိုရှိကြမှာ ဖြစ်ပါတယ်။

တချို့အလုပ်ရှင်တွေက အလုပ်ခိုင်းရင် မိသားစုလို သဘောထားတယ်ပြောပြီး ဝန်ထမ်းတွေကို ခိုင်းစေတယ်။ နောက် ပေးစရာလည်း ရှိရော ရန်သူကဲ့သို့ သဘောထားတဲ့ အမြင်တွေ လည်း တွေ့ရှိနေရပါတယ်။ ဒါဟာ ကောင်းလားဆိုတာ စာဖတ်သူကိုယ်တိုင်သာ ဝေဖန် ဆန်းစစ် သုံးသပ်ကြည့်သင့်ပါတယ်။ ဝန်ထမ်းတွေ ဘာကြောင့် မမြဲသလဲဆိုတာ ဝန်ထမ်းဘက်ပဲ ကြည့်မနေသင့်ဘဲ အလုပ်ရှင်တွေဘက်ကိုလည်း ပြန်လည် ကြည့်ရှုသင့်ပါသေးတယ်။ ဝန်ထမ်းအများစုသည် တောင်းရမ်းရန် လာသည် မဟုတ်၊ ပူးပေါင်းရန် လာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ကြသူ အချင်းချင်း ဝေမျှ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ ဒီတော့ ဝန်ထမ်းတွေကို အလုပ်ခိုင်းရင် အလုပ်လည်း ပြီးရမယ်။ အလုပ် လုပ်တဲ့သူကလည်း ပျော်နေရမယ်။ နောက် ထူးချွန်တဲ့သူနဲ့ လုပ်ရင် ထူးချွန်ရမယ်။ အဓိကကတော့ အရည်အသွေး၊ အလုပ်နဲ့ ကိုက်ညီတဲ့ အရာတွေ လုပ်ဖို့ လုပ်အပ်တာပေါ့။ မြန်မာမှာက ကိုယ့်ဝန်ထမ်းဖြစ်ပြီဆိုရင် တစ်ခါထဲ ခိုင်းကြတော့တာပဲ။ နိုင်ငံခြားမှာတော့ ဒီလို မဟုတ်ဘူး ဝန်ထမ်းတွေကို ခန့်ပြီးရင် မခိုင်းသေးဘဲ လိုအပ်တဲ့သင်တန်းတွေ ပေးတက်တယ်။ နောက် ကုမ္ပဏီ လုပ်ငန်းတွေကို နားလည်အောင် အရင်ဆုံး ပြောပြကြတယ်။ နောက်မှ လုပ်ရမယ့် အလုပ်တွေကို ခိုင်းစေကြတယ်။ အဲလို ခိုင်းစေသလိုပဲ လုပ်အားနဲ့ ညီမျှတဲ့ လစာတွေကိုလည်း ရရှိကြ တယ်။  နောက် နှစ်ကုန်ရင် ဘော့နပ်ပေးတာတို့၊ လစာတိုးတာတို့၊ စိတ်ပေါ့ပါးအောင် ခရီးသွားတာတို့ လုပ်ဆောင်ကြတယ်။ ဒီမှာလည်း ခရီးသွားတာတို့ ဘာတို့က တချို့ ကုမ္ပဏီတွေမှာ လုပ်ဆောင်ကြပါတယ်။

ခုတော့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေက အလုပ်ရှင်ကို ပုံမှန် ဆက်ဆံနေရင်းနဲ့ အလုပ် ထွက်သွားကြတယ်။ အဲ Skill တွေထဲမှာ အမြင့်ဆုံး Skill ရှိတဲ့သူပဲ လုပ်ငန်းခွင်မှာ ကျန်ခဲ့ကြတယ်။ အဲဒါ ဘာ Skill ဆိုတော့ သင်တန်း တက်စရာ မလိုတဲ့ ဖားSkillက အမြင့်ဆုံး နေရာ ယူနေလို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့် အဲလို ဖြစ်နေသလဲဆိုရင် Performance မလုပ်ထားလို့ပဲ။ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတွေ မထွက်သွားဖို့ ထိန်းထားရမယ်။ အလုပ်သမားတွေကိုလည်း Job Analysisလို့ခေါ်တဲ့ ဘာလုပ်ရမယ်၊ လုပ်ရမယ့်အလုပ်နဲ့ ရာထူးနဲ့ ကိုက်ညီမှု တာဝန်တွေ ပေးတတ်ရမယ်။ ခုခေတ် အတော်များများ အလုပ်ခေါ်စာတွေကလည်း လုပ်ငန်း တိုးချဲ့ဖို့ ခေါ်တာက နည်းနည်း၊ ဝန်ထမ်းတွေ မမြဲလို့ အလုပ်က ထွက်လို့ ခေါ်ကြတာ များနေတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း သင်ပေးတာတွေကို လေ့လာရမယ်။ သင်ယူချင်စိတ် ရှိရမယ်။ အလုပ်ခွင်မှာ ကြိုးစားရမယ်။ ဒီလိုစိတ်တွေနဲ့ ပျော်ရွှင်နေရမယ်။ လုပ်ငန်းရှင်များအနေနဲ့လည်း လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် စီစဉ်ပေးသင့်သလို အလုပ်ချိန် အဆင်ပြေအောင် အချိန်တွေ အခက်အခဲ ရှိရင်လည်း နားလည်ပေးတတ်ရမယ်။ သင်တန်းတွေ လည်း ပေးတက်သင့် ပေးတက်ရမယ်။ မလိုအပ်ရင် ဖိအား မပေးပဲ၊ လိုအပ်မှ အင်တိုက်အားတိုက် ဖိအားပေးသင့်တယ်။ ဒါမှသာ ကုမ္ပဏီရဲ့ ပန်းတိုင်ဟာ အောင်မြင်မှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း ကောင်းစွာ မလည်ပတ်ရင် လုပ်ငန်းရှင်တွေအနေနဲ့ လွန်စွာမှပင် သောက များရပါမယ်။ လူတစ်ယောက်မှာ စိတ်ဓာတ် ကျန်းမာရေးက အဓိက ကျပါတယ်။ အတွင်းစိတ်ဓာတ် ကျန်းမာဖို့ လိုပါတယ်။ စိတ်ဓာတ်ကျန်းမာရေး ချို့တဲ့သူများကို မသိကျိုးကျွံ မပြုလုပ်ပဲ ပြုပြင်ပေးဖို့ကိုလည်း လိုအပ်ပါတယ်။ စိုးရိမ်ခြင်းကို ပပျောက်အောင် လုပ်ရမယ်။ စိုးရိမ်စိတ် များရင် သောက ဖြစ်လာတယ်။ သင့်ဦးနှောက်ထဲမှ စိုးရိမ်စိတ် ထုတ်လွှတ်ပေးသော အကန့်ကို ဖြုတ်လိုက်ပါ။ ဒီစိတ်က သင့်ကို ကောင်းကျိုး မဖြစ်ထွန်းစေပါ။ ပူပန် သောကသည် အခြားသော နောက်ဆက်တွဲများဖြစ်သည့် ကောင်းစွာ အိပ်စက် မရခြင်း၊ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့၌ မတည်မငြိမ် ဖြစ်ခြင်းကဲ့သို့သော အပိုပြဿနာများကိုသာ ထပ်ဆောင်းပေးပါတယ်။ သီးသန့် အဖြေထုတ် မပေးနိုင်ပါဘူး။ တစ်ပါးသူများကို သံသယ စိတ်ထားနှင့် ဆက်ဆံမှု ပြုနေမည်ဆိုပါက ထိုသတိနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအမှု ပြုနိုင်တော့မည် မဟုတ်ပါ။ တစ်ပါးသူများအပေါ် ယုံကြည် စိတ်ချခြင်းအမှုကို စွန့်စားပြီး လုပ်ဆောင်သင့်ပါတယ်။ တစ်ချိန်တည်းတွင် သင်သည် လူအများကို လေးစား ချစ်ခင်မှုကို ပြသသူဖြစ်သကဲ့သို့ ပြဿနာကို ကြားမှ ဖြန်ဖြေပေးသူလည်း ဖြစ်နိုင်ပါတယ်။

လုပ်ငန်းရှင်များသည် ဝန်ထမ်းများ၊ ကိုယ့် လက်အောက်ငယ်သားများဆိုတဲ့ စိတ်ကို ဖျောက်ပြီး အပြန်အလှန် လေးစားချစ်ခင်မှု ရှိပြီး သူတို့ကို စိတ်ဝင်တစား ရှိမှသာ ဝန်ထမ်းများရော လုပ်ငန်းရှင်ပါ အလုပ်ခွင်အတွင်း ပြုံးပျော်နိုင်တဲ့အပြင် နှစ်ဦးနှစ်ဖက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် သေသေချာချာ လေ့လာ စူးစမ်းမှု မပြုဘဲ ဆုံးဖြတ်ချက်ကို စောလျင်စွာ ချမိပါက လုပ်ငန်း တိုးတက်မှုအတွက် ရေရှည် မျှော်မှန်းချက်များ ပျက်သုဉ်းပြီး ပြဿနာများအကြားမှာ တဝဲလည်လည် ဖြစ်နေမည်သာ ဖြစ်ပါတယ်။ ဦးတည်ချက် အသေအချာ မရှိသော တာဝေးအပြေးသမား တစ်ဦးသည် ခရီးမတွင်ကျယ်သကဲ့သို့ လုပ်ငန်းရှင်များသည်လည်း အလုပ်သာ ရှုပ်ပြီး ဖြစ်ဖြစ်မြောက်မြောက် အလုပ်ပြီးမြောက်မည် မဟုတ်တော့ပေ။

ဝန်ထမ်းအတော်များများသည် မိမိကို စိတ်ရင်းအမှန်နှင့် ဆက်ဆံသည့် လုပ်ငန်းရှင်များ ကိုသာ မျှော်ကိုးတတ်ကြပြီး ထိုသို့သော လုပ်ငန်းရှင်များကို အမှန်ပင် ပြန်၍ ကျေးဇူးသစ္စာ စောင့်တည် အကျိုးပြုတတ်ကြပါတယ်။ လုပ်ငန်းတစ်ခုမှာ တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ခြင်းထက် အများနဲ့ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းပိုမို အောင်မြင်ထွန်းပေါက်မည် ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ရင် ကျွန်မ တစ်ခု တောင်းဆိုချင်တာကတော့ လုပ်ငန်းဆက်နွှယ်သူများနှင့် ဝန်ထမ်းများရဲ့ ချစ်ခင်နှစ်သက်ခြင်း ခံရဖို့ ထိုသူအားလုံးတို့ကို သင်က စိတ်ရင်းအမှန်ဖြင့် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ချစ်လိုက်ပါလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ထိုသူတို့က သင် အရောက် လှမ်းနေသော သင့်ရဲ့ ပန်းတိုင်များကို ရောက်ရှိစေရေးအတွက် ခရီးလမ်းမှာ အကူအညီ အထောက်အပံ့ ဖြစ်နေလို့ပါပဲ။
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတဲ့ စိတ်ထက် လုပ်ငန်းတစ်ခုလုံး အောင်မြင်ဖို့အတွက် အတူတကွ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပူးပေါင်း လုပ်ဆောင်သွားကြမယ်ဆိုရင်ဖြင့် လုပ်ငန်း ပိုမိုအောင်မြင်ပြီး ဝန်ထမ်း တည်မြဲမည် ဖြစ်ပါတော့တယ်။

Friday, November 22, 2024

Online မှာ ပစ္စည်းများများ ရောင်းရချင်တာလား ?

 

 Online မှာ ပစ္စည်းများများ ရောင်းရချင်လား ဝယ်သူတွေ များချင်တာလား ?

ဒါဆို... ဒီအချက်ကို သိပါ...

ဘယ်အချက်လဲ... ဆိုတာ သိချင်တယ်ပေါ့......

ကဲ.... ဒါဆို ဘာလုပ်ရမလဲဆိုရင်...

ကိုယ့်ရဲ့ ဝယ်သူ စိတ်ဝင်စားမယ့်... ကိုယ်ရေးထားတဲ့ ပစ္စည်းကြော်ငြာကို ဆက်ဖတ်စေမယ့် စာသားမျိုးတွေ ရေးသားတတ်ဖို့ လိုပါတယ်။

 

ဒီလိုမှ မရေးတတ်ရင် ကိုယ့်ပစ္စည်း ဘယ်လောက်ပဲကောင်းကောင်း၊ သူများထက် ဘယ်လောက်ပဲ စျေးလျော့လျော့... ဝယ်သူတွေ ဝယ်ချင်မှာ မဟုတ်ပါဘူး.. အရင်ဆုံး ကိုယ့်ကုန်ပစ္စည်းကြော်ငြာကို ဖတ်ချင်မှာတောင် မဟုတ်ပါဘူး...

ကိုယ် ကြော်ငြာ ရေးပြီဆိုတာနဲ့ လူတွေ စိတ်ဝင်စားအောင်... ကိုယ့်ရဲ့ ကြော်ငြာကို အဆုံးထိဖတ်အောင် ရေးတတ်ဖို့ လိုပါတယ်။


အရင်ဆုံး လူတွေရဲ့ လိုအပ်ချက်တွေကို သိထားဖို့ လုပ်ပါမယ်။ နောက် စိတ်ကို စွဲဆောင်စေမယ့် စာသား ၂ ကြောင်း၊ ၃ ကြောင်းလောက် ရေးနိုင်ရင် လူတွေ ကိုယ့်ရဲ့ ကြေငြာကို ပိုမိုစိတ်၀◌င်စားလာမယ်။ နောက်တစ်ဆင့်မှ ဘာတွေ ကြော်ငြာသလဲ ဆိုတဲ့အပေါ် မူတည်ပြီး ၀◌ယ်မယ် မ၀◌ယ်ဘူးဆိုတာကို စဥ◌်းစားလာကြမှာ ဖြစ်ပါတယ်။

အရင်ဆုံး မကြော်ငြာခင်မှာ လုပ်ဆောင်ရမှာက အခုက စပြီး ကိုယ့်ရဲ့ ကြော်ငြာတွေ ပြန်ကြည့်ပါ ။ ပြန်ဖတ်ပါ။

ဝယ်သူ နည်းနေရင်၊ ကြေငြာ ဟာ ဆွဲဆောင်မှု ရှိရဲ့လား သုံးသပ်ပါ။

ကြော်ငြာ အစမှာ လူတွေ ဖတ်ချင်အောင် မရေးရသေးရင် ပြန်ပြောင်းပါ။

တစ်ခေါက်ပြန်ဖတ်ကြည့်ပါ။

ပြီးမှ ကြော်ငြာပါ။

 

ကဲ... ဒီအချက်လေးတွေသာ သေချာဂရုစိုက်လိုက်မယ်ဆိုရင် သင့်ရဲ့ကြော်ငြာတွေကနေတစ်ဆင့် ဝယ်သူများများရဖို့ အကျိုးရှိလာမယ်။နောက်ပြီး ဒီလိုနည်းလမ်းလေးတွေလည်း သိထားဖို့ လိုအပ်လာပါမယ်။ ဒါကတော့

 အခြေခံအွန်လိုင်း စေ◌ျးရောင်းနည်းပဲ ဖြစ်ပါတယ်။

၁။ သင်၏ထုတ်ကုန်များကို ရွေးချယ်ပါ။

၂။ စျေးကွက်ကိုလေ့လာပြီး မင်းရဲ့နယ်ပယ်ကို သတ်မှတ်ပါ။

၃။ သင်၏ အွန်လိုင်းစတိုးကို တည်ဆောက်ပါ။

၄။ သင်၏ ပစ်မှတ်ပရိသတ်ကို ခွဲခြားသတ်မှတ်ပါ။

၅။ ပို့ဆောင်မှုကို သတ်မှတ်ပါ။

၆။ ငွေပေးချေနည်းကို သတ်မှတ်ပါ။

၇။ သင့်တင့်သော စျေးကိုသုံးပါ။ 

၈။ သင်အွန်လိုင်းရောင်းပုံကို အကောင်းဆုံးဖြစ်အောင် ချဲ့ထွင်ပါ။

၉။ သင့်ထုတ်ကုန်များကို စျေးကွက်တင်ပြီး လူမှုရေးဆိုင်ရာ အထောက်အထားကို အသုံးပြုပါ။

၁၀။ ဖောက်သည်ဝန်ဆောင်မှုကောင်းကို ပေးဆောင်ပါ။

ကဲ ဒါဆိုရင်တော့ သင့် ထုတ်ကုန်တွေ ရောင်းကောင်းပြီးသာ မှတ်လိုက်တော့......

မနောဖြူလေး

 

Friday, May 6, 2022

အသက်မွေးဝမ်းကြောင်းသင်တန်း၏ အကျိုးကျေးဇူးများ

 


အသက်မွေးဝမ်းကြောင်း သင်တန်းသည် တစ်ဦးချင်းအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးကျေးဇူးများစွာ ရှိပါသည်။ ထို့အပြင် သက်မွေးဝမ်းကျောင်း သင်တန်း၏ အကျိုးကျေးဇူးအချို့မှာ- 

အလုပ်အဆင်သင့်ဖြစ်ခြင်း - ဤသင်တန်းသည် လူတစ်ဦးအား အလုပ်အကိုင်အဆင်သင့်ဖြစ်စေပြီး ကျောင်းသားများသည် ၎င်းတို့၏လေ့လာမှုပြီးဆုံးပြီးနောက် အလုပ်တစ်ခုကို တိုက်ရိုက်ရနိုင်သည်။ ထို့အပြင်၊ ဖက်ရှင်ဒီဇိုင်နာများ၊ ဟိုတယ်ဆိုင်ရာ၀◌န်ဆောင်မှုများ၊ ပရိဘောဂ အတတ်ပညာရှင်များ၊ လျှပ်စစ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ကွန်ပျူတာ ကွန်ရက်ချိတ်ဆက်မှု၊ အတွင်းပိုင်းဒီဇိုင်းနှင့် အခြားအလုပ်များစွာအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် သင်တန်းများကို ကျောင်းသားများကို ထောက်ပံ့ပေးသည်။ ထို့အပြင် ၎င်းသည် လူကို ကျွမ်းကျင်ပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် အလုပ်အတွက် အဆင်သင့်ဖြစ်စေသည်။ 

Saturday, February 26, 2022

ထိပ်တန်းမန်နေဂျာများအသုံးပြုသည့် အကျပ်အတည်းစီမံခန့်ခွဲမှုဗျူဟာ 8 ခု

 Crisis communication planning is the key - S&A Communications

၁။ ရှင်းလင်းသော ရည်မှန်းချက်များ သတ်မှတ်ခြင်း။ 

 ထိပ်တန်းမန်နေဂျာများသည် အကျပ်အတည်းနှင့်ပတ်သက်သည့် ရှင်းလင်းပြတ်သားသော အသေးစိတ် ရည်မှန်းချက်များကို ချမှတ်ကြသည်။ ထိုသို့လုပ်ဆောင်ရန်၊ ၎င်းတို့သည် အကျပ်အတည်းကြောင့် ထိခိုက်နိုင် သည့် ပါတီများ၊ လူများ၊ ဖောက်သည်များ၊ ပေးသွင်းသူများ၊ အလုပ်ရှင်များနှင့် သက်ဆိုင်သူများ၏ အသေးစိတ် အချက်အလက်အားလုံးကို စုဆောင်းပါသည်။ အဲဒီနောက်မှာတော့ ပါတီတစ်ခုချင်းစီအပေါ် သက်ရောက်မှုရှိနိုင်တဲ့ ဆုံးရှုံးမှုတွေအတွက် ဖုံးကွယ်ဖို့ အစီအစဉ်တွေ ချမှတ်ခဲ့ပါတယ်။ သက်ရောက်မှုရှိသော ပါတီများသည် အမြဲတစေ ဆက်စပ်နေပါသည်။ လက်တွေ့ကျသော ရည်မှန်းချက်များအားလုံးကို စိတ်ထဲတွင်ထားပြီး၊ ထိပ်တန်းမန်နေဂျာများသည် အသေးစိတ်ရေးသားထားသော ပုံစံအစီအစဉ်တစ်ခုကို ချမှတ်ပြီးနောက် ၎င်းအား ဥပဒေကြောင်းအရ အရေးယူမှုများနှင့် သက်ဆိုင်ရာစာရွက်စာတမ်းများဖြင့် အရန်သိမ်းဆည်းပါ။ လုပ်ငန်းနယ်ပယ်တစ်ခုစီနှင့် ပတ်သက်သည့် လုပ်ဆောင်မှုအားလုံးကို ဤအစီအစဥ်တွင် တိကျစွာဖော်ပြထားပါသည်။ ထို့နောက် ကုမ္ပဏီအတွင်းရှိ ချိတ်ဆက်သူနှင့် သက်ဆိုင်သူတိုင်းကို အစီအစဉ်ကို ထုတ်ပြန်ပါသည်။ လုပ်ငန်းရည်မှန်းချက်များအတိုင်း ရည်မှန်းချက်ကို ချိန်ညှိပြီး မွမ်းမံထားသည်။ အကျပ်အတည်းစီမံခန့်ခွဲမှုအစီအစဥ်ကို ရေးသားသည့်အခါ ဥပဒေရေးရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ တည်ရှိမှုနှင့် ၎င်းတို့၏ အခန်းကဏ္ဍသည် အမြဲတမ်းပါဝင်သည်။ အထူးသဖြင့် ကုမ္ပဏီတစ်ခုသည် အမြဲတမ်းချောမွေ့စွာ စီးဆင်းနေသောအခါတွင် အကျပ်အတည်းကို ခန့်မှန်းရန် မလွယ်ကူပါ။ ၎င်းသည် အကျပ်အတည်းကာလတွင် အမျိုးမျိုးသောအကျိုးဆက်များရှိသည့် ကုမ္ပဏီများကို ဗျူဟာများမချမှတ်ရန် ဆွဲဆောင်လေ့ရှိသည်။ ထို့ကြောင့်၊ ထိပ်တန်းမန်နေဂျာများသည် ၎င်းတို့၏ ကုမ္ပဏီရှိ ပြဿနာမှန်သမျှကို စီမံခန့်ခွဲရန် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို တသမတ်တည်း ချမှတ်ပြီး ချိန်ညှိပါ။ ရည်မှန်းချက်များသည် မန်နေဂျာများအား ၎င်းတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ ဆက်သွယ်ရေးနှင့် ၎င်းတို့လုပ်ဆောင်ရမည့် သတင်းအချက်အလက်များကို အစီအစဉ်ဆွဲကာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော ခြိမ်းခြောက်မှုများကို ဖော်ထုတ်ရန် ကူညီပေးပါသည်။ စီမံကိန်းရေးဆွဲခြင်းသည် ကောင်းမွန်သော ဘဏ္ဍာရေး ရလဒ်များ အပါအဝင် ပိုမိုကောင်းမွန်သောရလဒ်များကို ဖြစ်ထွန်းစေပါသည်။

 

Thursday, December 16, 2021

အောင်မြင်အောင်လုပ်ဖို့ လှုံ့ဆော်ပေးမယ့် စေ့ဆော်ချက်များ

 Self Improvement and Motivation for Success - Improve And Motivate Yourself For a More Successful Life ebook by Anonymous
၁။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
Self motivation – a key to success – wonderwordz 
မင်းရဲ့ ကန့်သတ်ချက်ဟာ မင်းရဲ့ စိတ်ကူးယဉ်သက်သက်သာ။
 
၂။ အလုပ်ကြိုးစားပါ။
သင့်အတွက် အခြားမည်သူမျှ မလုပ်နိုင်သောကြောင့် သင့်ကိုယ်သင် တွန်းအားပေးပါ။  
 

Saturday, December 11, 2021

အောင်မြင်မှုအတွက် လှုံ့ဆော်ပေးသော ကိုးကားချက်များ

 Motivational quote from Winston Churchill

၁။ "အောင်မြင်မှုသည် နောက်ဆုံးမဟုတ်ပါ၊ ရှုံးနိမ့်ခြင်းသည် အသက်မသေပါ၊ ၎င်းသည် အရေအတွက်များကို ဆက်လက်လုပ်ဆောင်ရန် သတ္တိဖြစ်သည်။" - Winston S. Churchill

၂။ "အတုယူအောင်မြင်ဖို့ထက် မူလပုံစံမှာ ကျရှုံးတာက ပိုကောင်းပါတယ်။" - Herman Melville

၃။"အောင်မြင်မှုဆီသွားတဲ့လမ်းနဲ့ ကျရှုံးသွားတဲ့လမ်းဟာ အတူတူနီးပါးပါပဲ။" - Colin R. Davis

၄။ "အောင်မြင်မှုဆိုတာ အရမ်းအလုပ်များတဲ့သူတွေဆီ လာလေ့ရှိပါတယ်။" - Henry David Thoreau

 ၅။“ကျရှုံးမှုတွေကနေ အောင်မြင်မှုကို ဖော်ဆောင်ပါ။ စိတ်ဓာတ်ကျခြင်းနှင့် ကျရှုံးခြင်းတို့သည် အောင်မြင်မှု ဆီသို့ အသေချာဆုံး ခြေလှမ်းနှစ်ရပ်ဖြစ်သည်။” — Dale Carnegie

 ၆။ “အဆုံးစွန်သော အောင်မြင်မှုကို ရရှိရန် နည်းလမ်းသုံးသွယ် ရှိသည်- ပထမနည်းမှာ ကြင်နာတတ်ရန် ဖြစ်သည်။ ဒုတိယနည်းကတော့ ကြင်နာတတ်ဖို့ပါ။ တတိယနည်းကတော့ ကြင်နာတတ်ဖို့ပါပဲ။” 

—Mister Rogers 

၇။ "အောင်မြင်မှုဆိုတာ စိတ်ရဲ့ ငြိမ်သက်မှုပါပဲ၊ ဒါဟာ မင်းအစွမ်းအစကို အကောင်းဆုံးဖြစ်အောင် အားထုတ်ခဲ့တာကို သိလို့ ကိုယ့်ကိုယ်ကို ကျေနပ်မှုရဲ့ တိုက်ရိုက်ရလဒ်ပါပဲ။" - ဂျွန်ဝုဒ် 

၈။ “အောင်မြင်ဖို့ ဘယ်တုန်းကမှ အိပ်မက်မမက်ဖူးပါဘူး။ ငါအဲဒါအတွက်အလုပ်လုပ်ခဲ့တယ်။" —Estée Lauder 

၉။ "အောင်မြင်မှုဆိုတာ မင်းလိုချင်တာကို ရတယ်၊ ပျော်ရွှင်မှုဆိုတာ မင်းရတဲ့အရာကို လိုချင်တာ။" -W P. Kinsella

အရည်အသွေးအာမခံမှု (Quality Assurance) နှင့် အရည်အသွေးထိန်းချုပ်မှု (Quality Control)အကြား ကွာခြားချက်များ

 


Quality System, Quality Assurance, and Quality Control Relationships

ပုံ 1- အရည်အသွေးစနစ်၊ အရည်အသွေးအာမခံချက်နှင့် အရည်အသွေးထိန်းချုပ်ရေး ဆက်ဆံရေးများ

QA နှင့် QC ကွာခြားချက်များ အရည်အသွေး အာမခံချက်နှင့် အရည်အသွေး ထိန်းသိမ်းခြင်းသည် အရည် အသွေး စီမံခန့်ခွဲမှု၏ အသွင်အပြင် နှစ်ခု ဖြစ်သည်။ အချို့သော အရည်အသွေးအာမခံမှုနှင့် အရည်အသွေး ထိန်းချုပ်မှုဆိုင်ရာ လုပ်ဆောင်ချက်များသည် အပြန်အလှန်ဆက်စပ်နေသော်လည်း ၎င်းတို့နှစ်ခုကို ကွဲပြားစွာ သတ်မှတ်ထားသည်။ ပုံမှန်အားဖြင့်၊ QA လုပ်ဆောင်ချက်များနှင့် တာဝန်များသည် QC သည် QA လုပ်ဆောင်ချက်များ၏ အစုခွဲတစ်ခုဖြစ်သော်လည်း၊ ထို့အပြင် အရည်အသွေးစနစ်ရှိ အစိတ်အပိုင်းများသည် QA/QC လုပ်ဆောင်ချက်များနှင့် တာဝန်များဖြင့် အထူးအကျုံးဝင်မည် မဟုတ်သော်လည်း QA နှင့် QC တို့ ပါဝင်နိုင်သည်။ ပုံ 1 တွင် ISO 9000:2015 မှ ISO 9000 အဓိပ္ပါယ်ဖွင့်ဆိုချက်များ- အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ - အခြေခံများနှင့် ဝေါဟာရများကို ပြသထားသည်။