Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Monday, February 3, 2025

လုပ်ငန်းခွင်အတွင်း ဘာကြောင့် ဝန်ထမ်း မမြဲကြတာလဲ

 

ဒီလိုပုံစံကို သဘောကျတာလား

 စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံ လိုအပ်ချက်များ ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ဝန်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန် အတော်ကြာ ဝင်ရောက် လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်း မရှိပဲ တစ်နေရာမှ နောက်တစ်နေရာ သို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ြေပာင်းလဲမှုတွေ လုပ်နေသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ဝန်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခ လစာငွေကြောင့်လား၊ နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့ ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ Management အတော်လိုသေးတယ် လို့ မြင်မိပါတယ်။ ပြောတော့သာ Human Resource၊ Human Resource နေရာတိုင်းမှာ ကြားနေရတယ်။ ဒီတော့ ပြန်လည် သုံးသပ်ကြည့်မိတယ်။ ဒီ Human Resource ဆိုတာကြီးက ဘာလဲပေါ့။ တကယ်လို့သာ HR အဲ အလွယ်ပဲ ခေါ်လိုက်မယ်။ အမှန်တကယ်သာ HR နဲ့သာ စနစ်တကျ စီမံ အုပ်ချုပ်မယ်ဆိုရင် ဒီဝန်ထမ်းတွေ အလုပ်က ထွက်စရာအကြောင်း မရှိဘူးလို့ မြင်မိတယ်။ ကျွန်မ သိသလောက် သုံးသပ်ကြည့်မယ်။ HRဆိုတာ Humanတွေကို Focus လုပ်တာ။ နောက် HRနဲ့လည်း မပြီးပြန်ဘူး၊ Admin ဆိုတာ ပါရဦးမယ်။ ဒီနှစ်ခုကို ခွဲခြားကြည့်တော့ Adminပိုင်းက ဥပဒေအတိုင်းတို့၊ စည်းမျဉ်း စည်းကမ်း အတိုင်း အုပ်ချုပ်ပြီး လုပ်ငန်းခွင်အတွင်း လူမှမဟုတ် အရာအားလုံးကို စီမံတာ လို့ မြင်မိပါတယ်။ နောက်တစ်ပိုင်း HRရဲ့ သဘော သဘာဝကတော့ လူတွေကို ဂရုစိုက်ပြီး အဓိကက လူတွေကို ကိုင်တွယ်တယ်။ နောက်တစ်ချက်ကတော့ လူကို လူသားကဲ့သို့ ပုံစံမြင်ပြီး ဆက်ဆံတဲ့ ပုံစံပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ 



 

ဒီလိုပုံစံဆိုရင်ကော.....


ခုဆက်လက်ပြီး HR အကြောင်း ဆက်လက်ဆွေးနွေးကြည့်ရအောင်။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ လူတွေ လိုတယ်၊ နောက် ရှာဖွေတယ်၊ ဒီ HRကပဲ လုပ်ဆောင်ရမယ်။ ဒီလို ရှာဖွေရုံနဲ့ မပြီးသေးဘူး။ အရေးကြီးတဲ့အချက်က ဝန်ထမ်းတွေ ရွေးချယ်ပြီးပြီဆိုရင်တော့ မျှတတဲ့စနစ်၊ ခန့်ခွဲတဲ့စနစ် စတဲ့ အလုပ်သမားလည်း မနာရဘူး။ သူဌေးလည်း မနာရဘူး။ အဲလို စနစ်တွေနဲ့ HRက အမှန်တကယ် ကျင့်သုံးရမယ်။ ဒီလိုသာ စည်းစနစ် လုပ်ထားမယ်ဆိုရင်တော့ ဝန်ထမ်းတွေက ထွက်စရာ အကြောင်းကို မရှိဘူး။ အလုပ်ခွင်မှာ ဒီဝန်ထမ်းတွေဟာ ပျော်ရွှင်နေရမယ်။ ပျော်ရွှင်နေမှသာ လုပ်ငန်းကြိုးစားမှုရှိပြီး ဒီထက် အောင်မြင်မှာပါ။ ဝန်ထမ်းတစ်ယောက်ကို ဖြုတ်ပြီဆိုရင်လည်း ငါ သူဌေးပဲ ငါမလိုချင်လို့ ဖြုတ်တာ မင်းမှာ အပြစ် မရှိလည်း ထွက်ဆိုတဲ့ပုံစံတွေက အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အကျင့်စရိုက် လက္ခဏာ မဟုတ်ဘူး။ ခုခေတ်ကြီးမှာ ငါ တကော ကောနေတဲ့ လုပ်ငန်းရှင်တွေ ဒုနဲ့ ဒေး ရှိနေသေးတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ HR ပိုင်းကို နားမလည်လို့လား၊ နားမလည်ချင်ယောင် ဆောင်တာလား။ လုပ်ငန်း တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာဟာ ဒီဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ မစဉ်းစား တတ်ကြလို့လား။ ဒီလိုသာ လုပ်နေကြမယ်ဆိုရင်တော့ တကယ့် အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေ လက်လွတ် ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး လုပ်ငန်းခွင်ကိုလည်း ထိခိုက် နစ်နာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်း တစ်ယောက်ကို အလုပ်ရှင်တွေက လိုအပ်တာတွေ သင်ကြားပြီး အလုပ်မှ ထွက်ကြမယ်ဆိုရင် နောက် အသစ် အသစ် ဝန်ထမ်းတွေကို ထပ်ခန့်ပြီး ပြန်လည် သင်ကြားပေးနေရမှာ ဖြစ်လို့ပါပဲ။ ဒီလိုသာ အမြဲဖြစ်နေရင် သင့်ရဲ့ လုပ်ငန်း လည်ပတ်မှုဟာ ရှေ့ကို မရောက်ပဲ ကားမောင်းတတ်စ လူတစ်ယောက်လို့ နင်းလိုက် ဘရိတ်အုပ်လိုက် ဖြစ်နေတော့မှာပေါ့။ အရှိန်လေးရနေတုန်းမှာ ဘရိတ်အုပ်လိုက်ရင် ကားက ဘာဖြစ်သွားမလဲ။ အဲလိုပါပဲ ကိုယ်က ဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားက အစ ပြုပြင်သင်ကြားပေးပြီးချိန်မှာ ဒီဝန်ထမ်းက လုပ်ငန်းခွင်ကနေ ထွက်သွားရင် နောက်အသစ်တွေလည်း ပြန်ပြီး အစကနေ သင်ကြားပေးနေရဦးမှာ ဖြစ်ပါတယ်။ HR တစ်ယောက်က လူတော် တစ်ယောက်ကို နောက်ဆုံး မရတော့မှ ခေါ်ယူသတိပေးသင့်ပါတယ်။ ခု အတော်များများက လွဲမှားစွာ အုပ်ချုပ်နေသလား မသိ။ ကိုယ့်ရဲ့ ဝန်ထမ်း အရည်အချင်း တက်လာရင် တော်လာတာကို မြင်နေရင်လည်း မမြင်ချင်ယောင် ဆောင်နေမယ်။ အပြစ်ကလေး တစ်စုံတစ်ရာ ပြုလုပ်ခဲ့ပြီဆိုရင်တော့ လူလယ်ကောင်မှာ ဆူပူကြိမ်းမောင်းတဲ့ အပြုအမူသာ လုပ်နေရင်တော့ ဒီဝန်ထမ်း ဒီကုမ္ပဏီမှာ နေမှာ မဟုတ်ပဲ ထွက်ပြေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ ကို ပြုပြင်ဖန်တီးတဲ့အခါမှာ ဒီဝန်ထမ်းတော့ ပညာသင်ရင် တတ်လွယ်တယ်။ တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့ သူလည်း ဖြစ်တယ်။ စတဲ့အချက်တွေကို သိပြီးဆိုရင်ဖြင့် ဘယ်လုပ်ငန်းမဆို အိုင်ဒီယာအသစ်တွေ မရှိဘဲ အဟောင်းတွေနဲ့ပဲ နေရင် မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် အိုင်ဒီယာအသစ်တွေရှိသော လူငယ် လူရွယ်တွေကို ကုမ္ပဏီတိုင်းက အလိုရှိကြမှာ ဖြစ်ပါတယ်။

တချို့အလုပ်ရှင်တွေက အလုပ်ခိုင်းရင် မိသားစုလို သဘောထားတယ်ပြောပြီး ဝန်ထမ်းတွေကို ခိုင်းစေတယ်။ နောက် ပေးစရာလည်း ရှိရော ရန်သူကဲ့သို့ သဘောထားတဲ့ အမြင်တွေ လည်း တွေ့ရှိနေရပါတယ်။ ဒါဟာ ကောင်းလားဆိုတာ စာဖတ်သူကိုယ်တိုင်သာ ဝေဖန် ဆန်းစစ် သုံးသပ်ကြည့်သင့်ပါတယ်။ ဝန်ထမ်းတွေ ဘာကြောင့် မမြဲသလဲဆိုတာ ဝန်ထမ်းဘက်ပဲ ကြည့်မနေသင့်ဘဲ အလုပ်ရှင်တွေဘက်ကိုလည်း ပြန်လည် ကြည့်ရှုသင့်ပါသေးတယ်။ ဝန်ထမ်းအများစုသည် တောင်းရမ်းရန် လာသည် မဟုတ်၊ ပူးပေါင်းရန် လာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ကြသူ အချင်းချင်း ဝေမျှ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ ဒီတော့ ဝန်ထမ်းတွေကို အလုပ်ခိုင်းရင် အလုပ်လည်း ပြီးရမယ်။ အလုပ် လုပ်တဲ့သူကလည်း ပျော်နေရမယ်။ နောက် ထူးချွန်တဲ့သူနဲ့ လုပ်ရင် ထူးချွန်ရမယ်။ အဓိကကတော့ အရည်အသွေး၊ အလုပ်နဲ့ ကိုက်ညီတဲ့ အရာတွေ လုပ်ဖို့ လုပ်အပ်တာပေါ့။ မြန်မာမှာက ကိုယ့်ဝန်ထမ်းဖြစ်ပြီဆိုရင် တစ်ခါထဲ ခိုင်းကြတော့တာပဲ။ နိုင်ငံခြားမှာတော့ ဒီလို မဟုတ်ဘူး ဝန်ထမ်းတွေကို ခန့်ပြီးရင် မခိုင်းသေးဘဲ လိုအပ်တဲ့သင်တန်းတွေ ပေးတက်တယ်။ နောက် ကုမ္ပဏီ လုပ်ငန်းတွေကို နားလည်အောင် အရင်ဆုံး ပြောပြကြတယ်။ နောက်မှ လုပ်ရမယ့် အလုပ်တွေကို ခိုင်းစေကြတယ်။ အဲလို ခိုင်းစေသလိုပဲ လုပ်အားနဲ့ ညီမျှတဲ့ လစာတွေကိုလည်း ရရှိကြ တယ်။  နောက် နှစ်ကုန်ရင် ဘော့နပ်ပေးတာတို့၊ လစာတိုးတာတို့၊ စိတ်ပေါ့ပါးအောင် ခရီးသွားတာတို့ လုပ်ဆောင်ကြတယ်။ ဒီမှာလည်း ခရီးသွားတာတို့ ဘာတို့က တချို့ ကုမ္ပဏီတွေမှာ လုပ်ဆောင်ကြပါတယ်။

ခုတော့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေက အလုပ်ရှင်ကို ပုံမှန် ဆက်ဆံနေရင်းနဲ့ အလုပ် ထွက်သွားကြတယ်။ အဲ Skill တွေထဲမှာ အမြင့်ဆုံး Skill ရှိတဲ့သူပဲ လုပ်ငန်းခွင်မှာ ကျန်ခဲ့ကြတယ်။ အဲဒါ ဘာ Skill ဆိုတော့ သင်တန်း တက်စရာ မလိုတဲ့ ဖားSkillက အမြင့်ဆုံး နေရာ ယူနေလို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့် အဲလို ဖြစ်နေသလဲဆိုရင် Performance မလုပ်ထားလို့ပဲ။ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတွေ မထွက်သွားဖို့ ထိန်းထားရမယ်။ အလုပ်သမားတွေကိုလည်း Job Analysisလို့ခေါ်တဲ့ ဘာလုပ်ရမယ်၊ လုပ်ရမယ့်အလုပ်နဲ့ ရာထူးနဲ့ ကိုက်ညီမှု တာဝန်တွေ ပေးတတ်ရမယ်။ ခုခေတ် အတော်များများ အလုပ်ခေါ်စာတွေကလည်း လုပ်ငန်း တိုးချဲ့ဖို့ ခေါ်တာက နည်းနည်း၊ ဝန်ထမ်းတွေ မမြဲလို့ အလုပ်က ထွက်လို့ ခေါ်ကြတာ များနေတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း သင်ပေးတာတွေကို လေ့လာရမယ်။ သင်ယူချင်စိတ် ရှိရမယ်။ အလုပ်ခွင်မှာ ကြိုးစားရမယ်။ ဒီလိုစိတ်တွေနဲ့ ပျော်ရွှင်နေရမယ်။ လုပ်ငန်းရှင်များအနေနဲ့လည်း လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် စီစဉ်ပေးသင့်သလို အလုပ်ချိန် အဆင်ပြေအောင် အချိန်တွေ အခက်အခဲ ရှိရင်လည်း နားလည်ပေးတတ်ရမယ်။ သင်တန်းတွေ လည်း ပေးတက်သင့် ပေးတက်ရမယ်။ မလိုအပ်ရင် ဖိအား မပေးပဲ၊ လိုအပ်မှ အင်တိုက်အားတိုက် ဖိအားပေးသင့်တယ်။ ဒါမှသာ ကုမ္ပဏီရဲ့ ပန်းတိုင်ဟာ အောင်မြင်မှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း ကောင်းစွာ မလည်ပတ်ရင် လုပ်ငန်းရှင်တွေအနေနဲ့ လွန်စွာမှပင် သောက များရပါမယ်။ လူတစ်ယောက်မှာ စိတ်ဓာတ် ကျန်းမာရေးက အဓိက ကျပါတယ်။ အတွင်းစိတ်ဓာတ် ကျန်းမာဖို့ လိုပါတယ်။ စိတ်ဓာတ်ကျန်းမာရေး ချို့တဲ့သူများကို မသိကျိုးကျွံ မပြုလုပ်ပဲ ပြုပြင်ပေးဖို့ကိုလည်း လိုအပ်ပါတယ်။ စိုးရိမ်ခြင်းကို ပပျောက်အောင် လုပ်ရမယ်။ စိုးရိမ်စိတ် များရင် သောက ဖြစ်လာတယ်။ သင့်ဦးနှောက်ထဲမှ စိုးရိမ်စိတ် ထုတ်လွှတ်ပေးသော အကန့်ကို ဖြုတ်လိုက်ပါ။ ဒီစိတ်က သင့်ကို ကောင်းကျိုး မဖြစ်ထွန်းစေပါ။ ပူပန် သောကသည် အခြားသော နောက်ဆက်တွဲများဖြစ်သည့် ကောင်းစွာ အိပ်စက် မရခြင်း၊ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့၌ မတည်မငြိမ် ဖြစ်ခြင်းကဲ့သို့သော အပိုပြဿနာများကိုသာ ထပ်ဆောင်းပေးပါတယ်။ သီးသန့် အဖြေထုတ် မပေးနိုင်ပါဘူး။ တစ်ပါးသူများကို သံသယ စိတ်ထားနှင့် ဆက်ဆံမှု ပြုနေမည်ဆိုပါက ထိုသတိနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအမှု ပြုနိုင်တော့မည် မဟုတ်ပါ။ တစ်ပါးသူများအပေါ် ယုံကြည် စိတ်ချခြင်းအမှုကို စွန့်စားပြီး လုပ်ဆောင်သင့်ပါတယ်။ တစ်ချိန်တည်းတွင် သင်သည် လူအများကို လေးစား ချစ်ခင်မှုကို ပြသသူဖြစ်သကဲ့သို့ ပြဿနာကို ကြားမှ ဖြန်ဖြေပေးသူလည်း ဖြစ်နိုင်ပါတယ်။

လုပ်ငန်းရှင်များသည် ဝန်ထမ်းများ၊ ကိုယ့် လက်အောက်ငယ်သားများဆိုတဲ့ စိတ်ကို ဖျောက်ပြီး အပြန်အလှန် လေးစားချစ်ခင်မှု ရှိပြီး သူတို့ကို စိတ်ဝင်တစား ရှိမှသာ ဝန်ထမ်းများရော လုပ်ငန်းရှင်ပါ အလုပ်ခွင်အတွင်း ပြုံးပျော်နိုင်တဲ့အပြင် နှစ်ဦးနှစ်ဖက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် သေသေချာချာ လေ့လာ စူးစမ်းမှု မပြုဘဲ ဆုံးဖြတ်ချက်ကို စောလျင်စွာ ချမိပါက လုပ်ငန်း တိုးတက်မှုအတွက် ရေရှည် မျှော်မှန်းချက်များ ပျက်သုဉ်းပြီး ပြဿနာများအကြားမှာ တဝဲလည်လည် ဖြစ်နေမည်သာ ဖြစ်ပါတယ်။ ဦးတည်ချက် အသေအချာ မရှိသော တာဝေးအပြေးသမား တစ်ဦးသည် ခရီးမတွင်ကျယ်သကဲ့သို့ လုပ်ငန်းရှင်များသည်လည်း အလုပ်သာ ရှုပ်ပြီး ဖြစ်ဖြစ်မြောက်မြောက် အလုပ်ပြီးမြောက်မည် မဟုတ်တော့ပေ။

ဝန်ထမ်းအတော်များများသည် မိမိကို စိတ်ရင်းအမှန်နှင့် ဆက်ဆံသည့် လုပ်ငန်းရှင်များ ကိုသာ မျှော်ကိုးတတ်ကြပြီး ထိုသို့သော လုပ်ငန်းရှင်များကို အမှန်ပင် ပြန်၍ ကျေးဇူးသစ္စာ စောင့်တည် အကျိုးပြုတတ်ကြပါတယ်။ လုပ်ငန်းတစ်ခုမှာ တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ခြင်းထက် အများနဲ့ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းပိုမို အောင်မြင်ထွန်းပေါက်မည် ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ရင် ကျွန်မ တစ်ခု တောင်းဆိုချင်တာကတော့ လုပ်ငန်းဆက်နွှယ်သူများနှင့် ဝန်ထမ်းများရဲ့ ချစ်ခင်နှစ်သက်ခြင်း ခံရဖို့ ထိုသူအားလုံးတို့ကို သင်က စိတ်ရင်းအမှန်ဖြင့် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ချစ်လိုက်ပါလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ထိုသူတို့က သင် အရောက် လှမ်းနေသော သင့်ရဲ့ ပန်းတိုင်များကို ရောက်ရှိစေရေးအတွက် ခရီးလမ်းမှာ အကူအညီ အထောက်အပံ့ ဖြစ်နေလို့ပါပဲ။
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတဲ့ စိတ်ထက် လုပ်ငန်းတစ်ခုလုံး အောင်မြင်ဖို့အတွက် အတူတကွ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပူးပေါင်း လုပ်ဆောင်သွားကြမယ်ဆိုရင်ဖြင့် လုပ်ငန်း ပိုမိုအောင်မြင်ပြီး ဝန်ထမ်း တည်မြဲမည် ဖြစ်ပါတော့တယ်။

Thursday, January 6, 2022

မသေချာမရေရာသော အချိန်များတွင် မည်သို့ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းများ

 မသေချာမရေရာသောအချိန်များတွင် ရင်ဆိုင်ဖြေရှင်းပါ။
What Anxiety Feels Like & Why It Happens | Houston Methodist On Health
 
1 နေ့စဥ် ငြိမ်သက်ရန် အချိန်ပေးပါ။

ယင်းက သင့်အတွင်းစိတ်ပညာမှ အမှန်တရားနှင့် လမ်းညွှန်ချက်ကို နားထောင်နိုင်စေမည်ဖြစ်သည်။ အကြောက်တရားက သင့်အတွေးတွေကို တွန်းပို့နေချိန်မှာ မသေချာမရေရာတဲ့ အချိန်တွေမှာ သင့်ကိုယ်သင် ပြန်လည်ချိတ်ဆက်ပြီး ခိုင်ခံ့စေပါလိမ့်မယ်။ သင်မည်သူဖြစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိရန် အခွင့်အရေးတစ်ခုအနေဖြင့် ဤအချိန်ကို ကြည့်ရှုရန် ရွေးချယ်နိုင်ပြီး tern တွင် သင့်အား လမ်းပြရန် ခွန်အားနှင့် ဉာဏ်ပညာကို ထုတ်ပေးမည်ဖြစ်သည်။

ငါ့အတွက်၊ တရားထိုင်ခြင်းနဲ့ ယောဂကျင့်ခြင်းက ငါ့ကို ခိုင်ခံ့မြဲမြံစေကြောင်း သက်သေပြခဲ့ပြီး၊ အဲဒါတွေက ငါ့ကို စိတ်အပန်းပြေစေတဲ့အပြင် ငါ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှကို ငါရှိနေစေတယ်။

2 ရောင်ပြန်ဟပ်ခြင်း – အရင်ကဘဝ ဘယ်လိုဖြစ်ခဲ့သလဲ နဲ့ ဘဝက ဘယ်လိုရှေ့ဆက်သွားမလဲ။

အကျပ်အတည်းမကြုံခင်မှာ မင်းဘဝ ဘယ်လိုဖြစ်ခဲ့လဲ ဆိုတာ ကြည့်ပါ။ တကယ်တော့၊ မင်းဘဝဟာ မုန်တိုင်းတွေ ကြုံလာတဲ့အခါ တူညီမှာမဟုတ်ဘူး။ မကြာသေးမီက "ပုံမှန်ပြန်မဖြစ်ခင်၊ ပုံမှန်ပြန်သွားရမယ့်အပိုင်းကို ပြန်စဉ်းစားပါ"

3 သင်ထိန်းချုပ်နိုင်သည့်အရာများကို အာရုံစိုက်ပါ။

မသေချာမရေရာမှုတွေနဲ့ ကြုံလာရတဲ့အခါ ရလဒ်က ဘယ်လို ထွက်မလဲဆိုတာကို သင် မထိန်းချုပ်နိုင်ဘဲ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု ဒါမှမဟုတ် စိတ်ဓာတ်ကျမှုတွေနဲ့ ကျန်ရစ်ခဲ့မှာပါ။ သင်ထိန်းချုပ်နိုင်သည့်အရာများကို အာရုံစိုက်ပါ၊ နေ့စဥ်အိပ်ယာထပါ၊ သင့်အတွက် လက်တွေ့ကျသောလုပ်စရာစာရင်းတစ်ခုသတ်မှတ်ပါ၊ သင့်စာရင်းမှအရာများကိုစစ်ဆေးခြင်းဖြင့် သင်သည် ကုန်ထုတ်စွမ်းအားနှင့် ပြီးမြောက်အောင်မြင်မှုကို ခံစားရမည်ဖြစ်သည်။

သင့်တစ်နေ့တာ ဘယ်လိုပုံစံနဲ့ သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေလဲဆိုတာကို သင် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သင်ထိန်းချုပ်နိုင်မှာပါ။ ဤနယ်ပယ်များကို သင်မည်ကဲ့သို့ ထိန်းချုပ်နိုင်ပုံကို အာရုံစိုက်ခြင်းက သင့်အား ခွန်အား ကို ပေးစွမ်းနိုင်ပြီး သင့်တွင် ထိန်းချုပ်နိုင်စွမ်းမရှိသောအရာကို လျော့နည်းအာရုံစိုက်ရန် ကူညီပေးပါမည်။

4 လိုအပ်ပါက လူမှုရေးအရချိတ်ဆက်ပြီး ကျွမ်းကျင်သောပံ့ပိုးကူညီမှုများကို ရှာဖွေပါ။

Tuesday, November 17, 2020

မရေရာပဲ လေလွင့်သူ

 

 Wallpaper Blessed Coffee em 2020 | Esboços de desenho de menina, Ilustração  de café, Produção de arte

မရေရာတဲ့နေ့တစ်နေ့ကို
မပျော်မွေ့တဲ့ အချိန်များနဲ့
ခြောက်ခန်းမသွားစေချင်…
ကော်ဖီတစ်ခွက်နဲ့
သက်ပြင်းအခါခါချ
ကုန်ဆုံးသွားတဲ့ကာလတွေကို
နှမြောမိတယ်…..
မရေရာတဲ့ ခြေလှမ်းတွေက
ကမ္ဘာမြေကို နမ်းရှိုက်ရင်း
တွယ်ရာမဲ့တဲ့ဘဝတွေမို့
ဘယ်ဆီဘယ်ဝယ်ထိ
လေလွင့်နေမယ်ဆိုတာ
ငါ့ကို ငါ မသိသေးပါတကား….။

အမှတ်တမဲ့တွေဟာ အမှတ်တရဖြစ်နေဆဲပါ

 

 


ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။
ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။

နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင်

နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။
ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ ဘာလဲဆိုတော့ ကျောင်းအခန်းထဲမှာ သူငယ်ချင်းတွေကို အော်တိုရေးခိုင်းတတ်တဲ့အကျင့်လေးတစ်ခုပါပဲ။ အဲဒီအကျင့်ကတော့ မိတ်ဆွေတွေ၊ ခင်မင်တဲ့သူတွေနဲ့တွေ့လည်း

ရေးခိုင်းတတ်သေးတယ်။ ခုချိန်ထိတော့ သင်တန်းတွေ တက်လည်း ရေးခိုင်းနေတုန်းပဲ။ သူတို့ရေးပေးတဲ့ အော်တိုထဲက အမှတ်တရတွေကလည်း ဘယ်အချိန်ပဲ ပြန်ဖတ် ပြန်ဖတ်၊ ဖတ်လိုက်တဲ့အချိန် ခဏလေးအတွင်းမှာပဲ အဲဒီအမှတ်တရရေးပေးတဲ့

အချိန်ကာလလေးကို ပြန်ရောက်ရှိသွားသလို ခံစားရတယ်။ အဲလိုအချိန်ဆို ဘေးမှာ သူငယ်ချင်းတွေ၊ ခင်တဲ့မိတ်ဆွေတွေ ပျော်တပြုံးပြုံးနဲ့ စိတ်ကြည်နူးမှုကို လှိုက်လှဲစွာ ခံစားမိတယ်။ အင်း… အဲဒီလိုအခါမှာ ကိုယ့်ဘာသာ ကောက်ချက်ချမိတယ်။ ငါ

စိတ်ကူးယဉ်သမားတွေထဲမှာ တစ်ယောက်အပါအဝင်ပါလားလို့လေ။ တစ်ခါတလေ စိတ်ညစ်စရာတွေနဲ့ ကြုံလာတဲ့အခါ သူငယ်ချင်းနဲ့ ကိုယ့်ပေါ်ကောင်းတဲ့သူတွေ အနားမှာ မရှိခဲ့ဖူးဆိုရင် ဒီအမှတ်တရစာအုပ်လေးတွေကတော့ ကျွန်မရဲ့

အဖော်မွန်တစ်ဦးပါပဲ။ ကိုယ်တိုင်ကပဲ အပေါင်းအသင်းမင်တတ်တဲ့ လူစားမို့လို့လား မသိဘူး။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်သူငယ်ချင်းက လာခေါ်ခေါ် မအားဘူးဆိုတဲ့ အသုံးအနှုန်း တစ်ခါဖူးမှ မပြောမိခဲ့ဘူး။ အမြဲအဆင့်သင့်လိုက်ပေးခဲ့တယ်။

ဒါကြောင့်လည်း သူငယ်ချင်းကောင်းတွေ ရရှိခဲ့တာလား မစဉ်းစားကြည့်မိပါဘူး။ ဒါနဲ့ ကျွန်မလိုဘဲ ခံစားကြည့်ချင်လား။ ပတ်လိုက်တဲ့အချိန်မှာ ရေးပေးတဲ့သူတွေနဲ့ တွေ့ဆုံတဲ့ အချိန်ကလေးကို ပြန်ရောက်သွားတယ်လို့ ပြောတာ မယုံဘူးမလား။

အမှတ်တမဲ့ကနေ အမှတ်တရလေးတွေ အများကြီး ပေးစွမ်းပါတယ်။ ခုလောလောဆယ်တော့ ကျွန်မနဲ့ ခင်မင်သိကျွမ်းပြီး ရင်းနှီးမှုလေးတွေ ရရှိထားတဲ့သူတွေ ရေးပေးထားတာလေးတွေ ပြန်ဖတ်ပြီး အဲဒီအချိန်ကာလကို သွားနေတယ်ဆိုတာကို

ပြန်ရေးပြမယ်နော်။ တကယ်လို့သာ ကျွန်မလို ရင်ထဲက ခင်မင်မှုတွေနဲ့ ရှင်သန်နေတဲ့ ဝန်းကျင်လေးရှိခဲ့ရင် ပြန်လည်သတိရ အောင်းမေ့ လွမ်းဆွတ်နေစေဖို့ပေါ့။ သူတို့တွေက ဒီလိုလေးတွေ ပြောထားတယ်။

ခါတစ်ရံ
နံနက်ခင်း
အပြုံးတွေ
လင်းလို့
ခင်မင်လေးစာစွာ
(ကမ်းဝေး)

———————————————————

လွတ်လပ်စွာ
ပျံသန်းနိုင်တဲ့တစ်နေ့
ကောင်းကင်မှာ တွေ့ကြမယ်
BLACKCHAW

————————————————–
ခင်မင်တတ်တဲ့
အဘ FR

ပျော်စရာကြီး… နော
nozomi

——————————————————-

ကံကောင်းခြင်းများ
ခဏ ခဏကြုံပါစေ

Char too Lan

——————————————————-

မနောဖြူလေး
မင်္ဂလာရှိသော
နေ့များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
Sue

——————————————————

ဘဝရဲ့ ကောင်းကျိုးဆိုးကျိုးတွေဆိုတာ
ကိုယ်လုပ်တဲ့ အကြောင်းတရားက
ရရှိလာတဲ့ အကျိုးတရားပါပဲ
nature
————————————————
နံနက်ခင်းတိုင်း
အပြုံး
ဝတ်ရုံတစ်စုံနဲ့
နိုးထနိုင်ပါစေ
အာဂ

ပျော်ရွှင်ခြင်း
မနက်ဖြန်များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
နွယ်ပင်

—————————————————–
အမြဲပျော်ရွှင်နိုင်ပါစေ
Pan Pan Chit
—————————————————-

ချမ်းမြေ့ပျော်ရွှင် အောင်မြင်သောဘဝကို
ရရှိပိုင်ဆိုင်နိုင်ပါစေ
Ma Ma

—————————————————-
ဘဝနှင့် ဆန္ဒ တစ်ထပ်တည်း ကျနိုင်ပါစေ
ရင်ငြိမ်းနွေး (နွေးသီး)

—————————————————-
Merry Christmas and
happy new year!
Wei Wei
—————————————————-

စိတ်ထားကောင်းရင်
ကံကောင်းတယ်တဲ့
နဂိုထဲက မနောဖြူဆိုလို့
ကံကောင်းစေဖို့
ဆုတောင်းပေးစရာ
မလိုတော့ဘူး ထင်ပါတယ်
မှော်ဆရာ
——————————————————

အမှန်တရားကို ရှာဖွေရင်း
အမှားမှား အယွင်းယွင်းတွေကိုမှ
ချဉ်ချင်းတပ်မိတဲ့ဘဝ
နက်ဖြန်ရှိရင် လှမှာပါ
ထက်ဝေး

ကဲ… မိတ်ဆွေတို့လည်း ခုလို အမှတ်တရလေးတွေ ရှိခဲ့ရင် ပြန်လည်ရောက်ရှိ ခံစားလိုက်ပါနော်။ မနောကို ခင်မင်ကြတဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ခုချိန်မှာ ရှိခဲ့ရင်လည်း သူတို့လိုပဲ အမှတ်တရ စကားလေးတွေ ရေးပေးခဲ့ပါဦးလို့

ပြောလိုက်ပါရစေနော်။

အားလုံးရဲ့
မနော

 

အတိတ်၏ခြေရာ

 


ပြီးခဲ့တဲ့နှစ်တွေက
တစ်စတစ်စနဲ့
ပျောက်ဆုံးသွားခဲ့လေပြီ။

အတိတ်ရဲ့နေ့ရက်များက
ထူထဲခဲပျစ်တဲ့ဒုက္ခတရားတွေနဲ့အတူ
ထူထဲကြမ်းတမ်းတဲ့ဖြတ်သန်းခြင်းများစွာဖြင့်
ထူထဲခက်ခဲလှတဲ့ ဝမ်းစာရေးနှင့်အတူ
လှုပ်ရှားရုန်းကန်နေဆဲ….

ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
လူတိုင်း ပါးစပ်ဖျား ပြောကြားနေလျှက်
တစ်နာရီပြီး တစ်နာရီ
တစ်နေ့ပြီး တစ်နေ့
တစ်လပြီး တစ်လ
တစ်နှစ်ပြီး တစ်နှစ်
ဖြတ်ကျော်နေမြဲ
မပြီးဆုံးသေးသော ကန္တာရခရီးကြမ်း
ဆက်လျှောက်နေဆဲ….

ဘဝက ခါးသီးတာလား
ခါးသီးတဲ့ဘဝကို ကျေနပ်နေသလား
ခုတိုင် ထင်မှတ်မှားနေဆဲ……

ပြန်မရသော အတိတ်
ခြေရာကောက်ရင်း
ချထားပစ်ခဲ့တဲ့ အလင်းရောင်ဆီ
တစ်ခေါက်ပြန်အရောက်ဟာ
ဖြစ်လာနိုင်ပါဦးမလား…

မနောဖြူလေး

 

Monday, October 26, 2020

စာပေရဲ့ အနှစ်သာရ


 The 50 great books on education

မြန်မာပြည်မှာ ခေတ်ပညာတတ်လူငယ်တွေများလာတာနဲ့အမျှ တိုးတက်မှုတွ ရှိလာသလို၊ ဆုတ်ယုတ်မှုတွေ လည်း ရှိလာကြတာကို မြင်တွေ့ရလို့ အခုလို အကြံပြု တင်ပြရေးသားလိုက်ခြင်းပင် ဖြစ်ပါတယ်။ အထူးသဖြင့် စာရေးဆရာ/ဆရာမ အများစုဟာ အချစ်ကြမ်းကြမ်း၊ အလွမ်းတွေပဲ အရေးများပြီး ရောင်းတန်းဝင်ရေးကိုသာ အလေးထားလာကြတာ အများအားဖြင့် အတွေ့များလာပါတယ်။ အမှန်တော့ စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါပဲ။ စာအုပ်ဖြစ်အောင် မနည်းရေးတဲ့ စာရေးသားသူ စာရေးဆရာ၊ ဆရာမတွေကို လည်း လေးလည်းလေးစားပါတယ်။ ချစ်လည်း ချစ်ပါတယ်။  နောက်တစ်ချက်ကတော့ အရမ်းအားကျ ပါတယ်။ ကျွန်မကတော့ စာရေးတာထက် စာဖတ်တာကို ဝါသနာထုံတဲ့သူပါ။ စာကလည်း ရေးတတ်မှ ဖတ်သူ စိတ်၀င်စားမှာပါ။

အထူးသဖြင့် ဗဟုသုတရဖွယ်လေးတွေကို ရှာဖွေ ဖတ်တဲ့အကျင့်ကြောင့်ပါ။ ယခုခေတ်ကာလမှာ လူငယ်တွေ အတွက် အပျော်ဖတ်စာပေတွေသာ ရောင်းပန်းလှနေပြီး ဗဟုသုတဖြစ်ဖွယ်များကတော့ လမ်းဘေးက စာအုပ်ဆိုင်တွေမှာ ချရောင်းနေကြတာကို ဝမ်းနည်ဖွယ်တွေ့နေရလို့ပါပဲ။ အဲဒါကြောင့် စာရေးဆရာ/ဆရာမ များအနေနဲ့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် လူငယ်တွေကို မီးမောင်း ထိုးပြနိုင်မယ့် ဗဟုသုတ ဖြစ်ဖွယ်၊ သတင်း၊ ဆောင်းပါး၊ စာပေ၊ ဝတ္ထုများကို တတ်နိုင်သမျှ များများ ရေးသားပေးကြစေလိုပါတယ်။

Thursday, October 22, 2020

ခေါင်းဆောင်ကောင်းထက် နောက်လိုက်ကောင်းဖြစ်ဖို့လို…

ခေါင်းဆောင်ကောင်းထက် နောက်လိုက်ကောင်းဖြစ်ဖို့လို…

 ခေါင်းဆောင်တဲ့။ ဘယ်လိုအရာတွေကိုခေါင်းဆောင်လို့ ခေါ်တာလဲ။ ဘယ်လိုလူမျိုးတွေကိုသတ်မှတ်တာလဲ။ ကိုယ်က ခေါင်းဆောင်လား ဒါမှမဟုတ် ကိုယ့်မှာခေါင်းဆောင်ရှိရဲ့လား စဉ်းစားကြည့်မိပါသည်။ ဒီအတိုင်း ခေါင်းဆောင် ဆိုတဲ့ နာမည်ခံနေရုံနဲ့တော့ ခေါင်းဆောင် ဒါမှမဟုတ် ဦးဆောင်သူလို့ ခေါ်ထိုက်သလားစဉ်းစားဖို့ လိုလာပါပြီ။ ဘယ်နေရာမဆိုသူ့နေရာနဲ့သူတော့ ဦးဆောင်သူဆိုတာရှိစမြဲပါပဲ။ အိမ်မှာလည်းအိမ်အလျောက် ရုံးမှာ ဒါ့အပြင် အသင်းအဖွဲ့တွေမှာကော Leader လို့ ခေါ်တဲ့ ဦးဆောင်သူတွေ တွေ့ရှိရမှာပါ။ ခေါင်းဆောင် အကြီးအမှူးဆိုတာနာမည်ကြားလိုက်ရုံနဲ့ ခွန်အားပြည့်သွားသလို၊ အားမာန်တက်သွားသလို၊ လုံခြုံသွားသလို ခံစားမှုမျိုးဖြစ်ပေါ်စေပါသည်။ ဥပမာ ကျွန်မတို့ရဲ့ဖခင်ကြီးလူတိုင်း နိုင်ငံတိုင်းကကမ္ဘာကပါ အသိအမှတ် ပြုထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း Leader ကောင်းတစ်ဦးပါလို့ ပြောရင် သင် ငြင်းနိုင်ဦးမှာလား။ နောက် မမေ့နိုင်သည့် ပုဂ္ဂိုလ်တစ်ဦးသည်လည်း ရှိပါသေးသည်။ ဘုရင့်နောင်ဖောင်ဖျက်သည် ဆိုတဲ့ စကား ခုချိန်တိုင် သုံးစွဲနေကြသေးသည်ကို တွေ့ရှိနေရသေးသည်။ နောင်ရိုးတိုက်ပွဲ ဘာကြောင့် အောင်မြင်ခဲ့သလဲ ခေါင်းဆောင်ကောင်း၏ စစ်မှန်သောဆုံးဖြတ်ချက်ဟုပြောလျှင် လွန်အံ့မထင်ပေ။

Sunday, October 11, 2020

ချမ်းသာခြင်းသည် ကောင်းခြင်းလော ဆိုးခြင်းလော

 

Repeal TABOR & Tax the 1% – John Kelly for Colorado State Senate

အများအားဖြင့် လူတိုင်းလူတိုင်း ချမ်းသာခြင်းကို အလိုရှိကြပါတယ်။ ချမ်းသာခြင်းကို အင်္ဂလိပ်လိုအားဖြင့် Rich လို့ ခေါ်ပါတယ်။ တချို့က ချမ်းသာမှုရဖို့အတွက် မနေမနားကြိုးစားကြပါတယ်။ ဒီလို ကြိုးစားမှုမျိုးကို Rat race လို့ခေါ်ပါတယ်။ တချို့ကလည်း ဘာဖြစ်ဖြစ် ချမ်းသာရင်ပြီးရောလို့ သဘောထားပါတယ်။ တစ်ချို့ကလည်း ချမ်းသာဖို့ ဆုတောင်းကြပါတယ်။ တချို့ကလည်း ချမ်းသာဖို့ ကလိမ်ကျကြတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ လိုအပ်ချက်တွေကနေ စတာဖြစ်ပါတယ်။ လူသားတွေမှာ လိုအပ်ချက် (Need) တွေဆိုတာ အမြဲရှိနေပါတယ်။

Friday, October 9, 2020

မိမိကိုယ်သာ အားကိုးရာ

 Truth-boundedness vs. non truth-bound | Photography business cards,  Illustration, Vector illustration

 

စာဖတ်ပရိသတ်တွေအတွက် အောင်မြင်မှုသည် မိမိကိုယ်တိုင် ဖန်တီးမှုသာ အရေးပါသည်ဆိုသည့် အကြောင်း အရာလေးတစ်ခု ပြောပြချင်ပါတယ်။ ကျွန်မ စီးပွားရေးဒီပလိုမာတက်တုန်းက စီးပွားရေးလောကမှာ အခြေစိုက်နေတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်လေးကို နားထဲမှာ ဇာတ်လမ်းတိုလေး တစ်ခုကို ယခုတိုင် ကြားယောင်နေဆဲပါပဲ။ ဇာတ်လမ်းလေးက တိုပေမယ့် ဇာတ်လမ်းကပေးတဲ့ အသိပညာကတော့ ဘဝအတွက် တစ်သက်မှတ်စရာလို့ ယူဆမိတဲ့အတွက် ပြန်လည် မျှဝေလိုက်ရခြင်းပင် ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်ဖို့ အတွက် ဘယ်နေရာမှာ ဘယ်ဒေသရောက်ရောက် ကံ၊ ဉာဏ်၊ ဝီရိယကိုသာ အားကိုးပြီး ကြိုးစား လုပ်ဆောင်ရမယ်ဆိုတဲ့ အသိလေးတစ်ခုလည်း ထပ်မံရရှိလာပါတယ်။ မိမိကိုယ်တိုင် ကြိုးစားမှရမယ်။ ဇွဲ ရှိမှရမယ်။ ဘာကြောင့်ဆိုတာ တွေဝေစရာမလိုပါဘူး။

Thursday, October 8, 2020

အလုပ်ခွင်အတွင်း စိတ်သဘောထားအမှန် ထားနိုင်ကြပါစေ

 


ယခုတစ်လော အလုပ်ခွင်အတော်များများတွင် ဖြစ်လေ့ဖြစ်ထရှိကြသည်မှာ လူတိုင် စိတ်ထားအမှန် မထားနိုင် ကြသူများကို နေရာဒေသအတော်များများတွင် တွေ့ရှိနေရပါသည်။ ကုမ္ပဏီဝန်ထမ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်းများ သို့တည်းမဟုတ် ဌာနဆိုင်ရာ နေရာများ၏ စိတ်သဘောထား အမှန်ဆိုသည်မှာ ကိုယ်လုပ်နေသော အလုပ် မည်မျှပင် ပင်ပန်းနေပါစေ၊ စိတ်ကုန်နေပါစေ မည်သူတွေ မည်သို့ စိတ်ထားရှိနေပါစေ အလုပ်ခွင်များတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်နိုင်ဖို့သာ အဓိက စိတ်သဘောထားအမှန်ပင် ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းအတော်များများသည် ငါတို့အတွက် ပြီးမှာ သူတို့အတွက်ဆိုတဲ့ သဘောထားခံယူချက်ကို လက်ကိုင်ထားနေကြပါသည်။

Wednesday, October 16, 2019

စီးပွားရေးလုပ်ငန်းရှင် သန်းပေါင်းများစွာထံမှ အောင်မြင်မှုမြှင့်တင်ရေး လှုံ့ဆော်မှုအချက် ၁၀ ချက်

 

 
လှုံ့ဆော်မှုသည် လုပ်ငန်းရှင်များအတွက် နေ့စဉ်ရုန်းကန်မှုဖြစ်သဖြင့် ယနေ့အောင်မြင်သော လုပ်ငန်းရှင် ၁၀ ဦး မှ ဤလှုံ့ဆော်မှုကို တိုးမြှင့်သော အကြံပြုချက်များကို စုစည်းထားခဲ့သည်။

၁။ ပျက်ကွက်မှာကိုကြောက်ခြင်း။

Bloomberg အတွက်သူရေးသားခဲ့သောဆောင်းပါးတစ်ပုဒ်တွင်မာကုကျူးဘားကသူသည်မိမိကိုယ်ကိုလှုံ့ဆော်ရန်ပျက်ကွက်မည်ကိုကြောက်ရွံ့ကြောင်းပြောကြားခဲ့သည်။
Shark Tank အဖွဲ့ ၀ င်က“ မည်သည့်စီးပွားရေးလုပ်ငန်းကိုပဲလုပ်ကိုင်ပါစေသင်အမြဲတမ်းအန္တရာယ်ရှိသည်။ အထူးသဖြင့်နည်းပညာလျင်မြန်စွာပြောင်းလဲသွားသောနည်းပညာတွင်သင်အမြဲတမ်းအန, တရာယ်ရှိသည်” ဟုရေးသားခဲ့သည်။ “ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ယောက်အတွက်ဘယ်နေရာကနေထွက်ပြီးသင့်ကိုနှိပ်စက်ဖို့အမြဲတမ်းအခွင့်အရေးရှိတယ်၊ အဲဒါကငါ့ဆီကငရဲကိုလှုံ့ဆော်ပေးတယ်။ ”
“ ကျနော့်ကုမ္ပဏီတွေအားလုံးကငါစတင်ခဲ့တာတစ်ခုခုဒါမှမဟုတ်ငါရင်းနှီးမြှုပ်နှံထားတာတစ်ခုခုပဲဖြစ်ဖြစ်၊ ငါဘယ်လိုနေလဲ ရင်းနှီးမြှုပ်နှံသူ (သို့) အကြံပေးသူများစွာကဒီဂိမ်းကိုနံပါတ်များအဖြစ်ကစားသည်။
“ အကယ်၍ သူတို့ကကုမ္ပဏီ ၂၀ ကိုရင်းနှီးမြှုပ်နှံမယ်ဆိုရင်အောင်မြင်မှုတစ်ခုသည်ဆုံးရှုံးမှု ၁၉ ခုကိုဖုံးကွယ်နိုင်သရွေ့သူတို့အဆင်ပြေသွားမှာပါ။ ဆုံးရှုံးမှုတိုင်းကို ကြီးမားတဲ့ကျရှုံးမှု အဖြစ်ငါ မြင်တယ် ငါမကြာသေးမီကရင်းနှီးမြှုပ်နှံမှုမကောင်းတဲ့သွားခဲ့ရသည်။ ငါကအပေါ် $ 1.5 သန်းဆုံးရှုံးခဲ့ရသည်။ ဒါဟာငါ့ကိုအဆုံးတိုင်အောင်ချွတ် pisses ။ "
တစ်ခုခုပြတ်သွားပြီလား ဤအ Mark Cuban မေးခွန်းများကိုမေးပါ။
အဲဒါကိုလှုံ့ဆော်မှုအဖြစ်သင်အသုံးပြုနိုင်တယ်။ ငါဘာအမှားလုပ်မိသလဲ။ ငါမယုံသင့်ဘူးလို့ဘယ်သူ့ကိုယုံကြည်စိတ်ချခဲ့သလဲ။ ဒီအခြေအနေကနေငါနောက်တစ်ခေါက်ရှောင်နိုင်အောင်ငါဘာတွေလေ့လာသင်ယူနိုင်မှာလဲ”
ဆက်စပ်: အောင်မြင်သောလူများ၏အလေ့အကျင့်

၂ ။

ဒါသော့ချက်ပါ။ သို့သော်ပူးတွဲတည်ထောင်သူနှင့် CTO of Due မှပူးတွဲတည်ထောင်သူ Chalmers Brown က “ ကျွန်ုပ်တို့သည်ငွေအမြောက်အများရရှိရုံသာမကကျွန်ုပ်တို့၏လုပ်ဆောင်မှုများကိုလည်းနှစ်သက်သည်။ ငါတို့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့အတွက်လဲလှယ်မတည်ငြိမ်တဲ့လခကိုစွန့်စားဖို့ဆန္ဒရှိတယ်။ ”
“ ကံမကောင်းစွာဖြင့်သင်၏အိပ်မက်အလုပ်သည်ငွေကြေးအရအကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်လိမ့်မည်မဟုတ်ပါ။ တစ်ခါတစ်ရံသင်၏ဝါသနာကိုအားလပ်ချိန်များတွင်ပျော်စရာအတွက်စီမံကိန်းများအဖြစ်အကောင်းဆုံးသိမ်းဆည်းသည်။ မင်းရဲ့စိတ်အားထက်သန်မှုကိုအချိန်ပြည့်အလုပ်တစ်ခုအဖြစ်ပြောင်းလဲချင်တယ်ဆိုရင်ဒီအကြံပြုချက်များကသင့်ကိုမှန်ကန်သောလမ်းကိုစတင်နိုင်ရန်ကူညီလိမ့်မယ်။ ”
ဘရောင်းသည်အောက်ပါအကြံပြုချက်များကိုပေးသည် -
  • သင်လုပ်ပြီးသားအရာတစ်ခုကိုတိုးတက်အောင်လုပ်ပါ။
  • ဘယ်မှာစျေးကွက်ထွက်ရှာဖွေ။
  • အခြားသူများနှင့်သင်၏စိတ်အားထက်သန်မှုကိုမျှဝေခြင်း။
  • သင်တစ် ဦး ဦး ကိုမနှစ်သက်သောအလုပ်များကိုတာဝန်ပေးခြင်းဖြင့်ပျော်ရွှင်မှုနှင့်လှုံ့ဆော်မှုဖြစ်စေပါ။
ဆက်စပ်: သန်းပေါင်းများစွာသောအလေ့အကျင့်များမကြာမီလေးနက်သောငွေရှာခြင်းနှင့်လျင်မြန်စွာစည်းစိမ်ဥစ္စာကိုစတင်ရန်စတင်

၃။ သင်မြင်နိုင်သည့်နေရာတွင်ကတိသစ္စာပြုထားပါ။

“ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့မောပန်းနွမ်းနယ်ခြင်းနှင့်စိတ်ရှုပ်ထွေးခြင်းများကိုလွယ်လွယ်ကူကူ ၀ န်ခံနိုင်သကဲ့သို့လွယ်လွယ်ကူကူလည်းမကြာခဏအပြစ်တင်သင့်သည်” ဟုအွန်လိုင်းငွေတောင်းခံလွှာကုမ္ပဏီ Sighted ကို တည်ထောင်သူ Murray Newlands ကရေးသားခဲ့သည် ဒါပေမယ့်မကောင်းတဲ့အတွေးအမြင်ဟာသင်အာရုံစူးစိုက်နိုင်ဖို့နဲ့အောင်မြင်ဖို့လိုအပ်တဲ့စိတ် ၀ င်စားမှုလမ်းကြောင်းနဲ့စွမ်းအင်ကိုစုပ်ယူတယ်။
"ဆုတ်ယုတ်မှုများကိုရင်ဆိုင်ရသည့်အခါအကောင်းမြင်သဘောထားကိုထိန်းသိမ်းထားရန်အလွန်အရေးကြီးသည်။ အကိုးအကားတစ်ခုသို့မဟုတ်ဓာတ်ပုံတစ်ပုံကိုသင်မြင်တွေ့ရလျှင်သင့်အားအပြုသဘောဆက်ရှိနေရန်ကူညီပေးပါ။ ၎င်းကိုရှေ့နှင့်အလယ်တွင်ထားပါ၊ သို့မှသာဤခရီးစဉ်သည်အဘယ်အရာဖြစ်ကြောင်းမှတ်မိနိုင်မည်ဖြစ်သည်"
ဆက်စပ် - အတည်ပြုချက်ကဘာကြောင့်မအောင်မြင်တာလဲ၊ အဲဒါကိုပြောင်းလဲဖို့အဆင့် ၄ ဆင့်

၄။ ငြင်းပယ်မှု၏စွမ်းအားကိုမြှင့်တင်ပါ။

“ ၂၀၀၈၊ ဇွန် ၂၆ ရက်မှာကျွန်တော်တို့ရဲ့သူငယ်ချင်း Michael Seibel ကဆီလီကွန်တောင်ကြားမှာထင်ရှားတဲ့ရင်းနှီးမြှုပ်နှံသူခုနစ်ယောက်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ ကျနော်တို့ $ 1.5M အဘိုးပြတ်မှာ $ 150,000 စုဆောင်းရန်ကြိုးစားနေခဲ့ကြသည်။ ဆိုလိုသည်မှာသင်သည် Airbnb ၏ ၁၀ ရာခိုင်နှုန်းကိုသင်ဝယ်ယူနိုင်သောဒေါ်လာ ၁၅၀,၀၀၀ အတွက်ဖြစ်သည်။ "
အလယ်အလတ် မှ Airbnb တွဲဖက်တည်ထောင်သူ Brian Chesky က“ အောက်မှာဖော်ပြထားတဲ့ငြင်းပယ်မှုငါးခုကိုခင်ဗျားတို့တွေ့လိမ့်မယ်။ ကျန်တဲ့နှစ်ခုကတော့ပြန်မဖြေကြဘူး။ ။ "
ယနေ့ Airbnb သည်ဒေါ်လာ ၃၀ ဘီလီယံအောက်သာရှိသည်။
Related: Airbnb လေယာဉ်မှူးသည်ဒုက္ခသည်များနှင့်ရွှေ့ပြောင်းနေထိုင်သူများကိုအိမ်ရာနှင့်ဆက်သွယ်ပေးသည်

၅။ ကိုယ့်ကိုယ်ကိုအောင်မြင်မှုနှင့်လှုံ့ဆော်မှုရှိသောလူများနှင့်ဝန်းရံထားပါ။

၂၀၁၆ ခုနှစ်တွင်ပြုလုပ်ခဲ့သော မေးခွန်းနှင့်အဖြေ များတွင် Mark Zuckerberg က“ ဘယ်သူ့ကိုမှတစ်ယောက်တည်းလုပ်မှာမဟုတ်ဘူး” ဟုပြောကြားခဲ့သည်။ “ သင်ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အရာအများစုကိုကြည့်လိုက်ရင်၊ သူတို့ကလူတစ်ယောက်မှမလုပ်နိုင်တာကြောင့်သင်တည်ဆောက်ဖို့လိုအပ်လိမ့်မယ်။ အဖွဲ့တစ်ဖွဲ့။ "
သင်၏ All-Star အဖွဲ့ကိုတည်ဆောက်သည့်အခါသင်အားနည်းသောသို့မဟုတ်အတွေ့အကြုံနည်းသောဒေသများတွင်ထူးချွန်သူများကိုရှာဖွေပါ။ "သင်ကဖြည့်စွက်စွမ်းရည်ရှိသည့်လူများကိုလိုအပ်လိမ့်မည်" ဟု Zuckerberg ကပြောကြားခဲ့သည်။ "သင်ဘယ်လောက်ပင်စွမ်းရည်ရှိပါစေ၊ စားပွဲသို့မဆောင်ခဲ့သောအရာများရှိတော့မည်။ "
ဆက်စပ်: Mark Zuckerberg အကြောင်းသင်မသိသောထူးဆန်းသောအရာများ

၆ ။

Corcoran Group နှင့် Shark Tank မှ Shark Tank မှ Corcoran Group ကိုတည်ထောင်သူဘာဘရာ Corcoran က “ ကျွန်တော့်ရဲ့အကောင်းဆုံးအောင်မြင်မှုအားလုံးဟာရှုံးနိမ့်မှုနဲ့ကြုံတွေ့ခဲ့ရခြင်းကြောင့်ဝမ်းဗိုက်တစ်ခုချင်းစီကိုကောင်းတဲ့အရာတစ်ခုအဖြစ်ရှုမြင်ဖို့သင်ယူခဲ့တယ်” ဟုပြောကြားခဲ့သည်
“ အကယ်၍ မင်းသာအဲဒီမှာထိုင်နေမယ်ဆိုရင်တစ်ခုခုဟာထောင့်လေးထောင့်မှန်မှာတွေ့လိမ့်မယ်။ အဲဒါကငါ့ကိုလှုံ့ဆော်ပေးတဲ့ယုံကြည်မှုပဲ။ ကိုယ့်ကိုယ်ကိုစိတ်မကောင်းမဖြစ်အောင်အမြဲသင်ယူခဲ့တယ်။ ၅ မိနစ်လောက်မင်းအတွက်စိတ်မကောင်းဖြစ်နေတာဟာမင်းရဲ့စွမ်းအားကိုပျောက်ကွယ်သွားစေပြီးနောက်အခွင့်အရေးတစ်ခုကိုသင်မြင်နိုင်မှာမဟုတ်ဘူး။ ”
ဆက်စပ် - Shark Tank ၏ဘာဘရာ Corcoran - 'ငါငြင်းပယ်ခံရတာနဲ့ငါ့အတွက်အကောင်းဆုံးအရာတွေပဲ'

၇ ။

Inspiration သည်သင်အားလှုံ့ဆော်ရန်သင်အသုံးပြုနိုင်သည့်မောင်းနှင်အားတစ်ခုဖြစ်သည်။ Lyft ပူးတွဲတည်ထောင်သူဂျော်ဒန် Zimmerman က “ အခုငါ့သမီးဟာကြီးမားတဲ့လှုံ့ဆော်မှုတစ်ခုဖြစ်တယ်။ ကျွန်ုပ်တို့၏မြို့ကြီးများ၏အနာဂတ်၊ ကမ္ဘာကြီးနှင့်သူမကြီးပြင်းလာမည့်ပတ်ဝန်းကျင်အကြောင်းစဉ်းစားပါ။
နေ့တိုင်းကားမောင်းသူနဲ့ခရီးသည်တွေကြားရတယ်။ အတိတ်အဖွဲ့အစည်းအဝေးတစ်ခုတွင်မိခင်တစ် ဦး လာရောက်ပြောပြပြီးထိုအကြောင်းကိုသူကိုယ်တိုင်ပြောပြခဲ့သည်။ သူမသည်နယူးယောက်တွင်နေထိုင်သော Lyft ယာဉ်မောင်းဖြစ်ပြီးသမီးဖြစ်သူမှာ Los Angeles တွင်ဖြစ်သည်။
"သမီးကအခန်းဖော်တစ်ယောက်နဲ့လူနေမှုအဆင့်အတန်းကိုဖြတ်သန်းနေရပြီးနေရာအသစ်တစ်ခုကိုပြောင်းရွှေ့ခဲ့ရပါတယ်။ သူမရဲ့သမီးအတွက် Lyft ကိုဖုန်းဆက်ပြီးကားမောင်းသူနဲ့အမြန်ဆုံးစကားစမြည်ပြောခဲ့တာပါ။ ကားမောင်းသူကသူမရဲ့သမီးကိုကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်" ခက်ခဲတဲ့အခြေအနေ။ "
"ဒီအဖြစ်အပျက်တွေကကျွန်တော်တို့ကိုပိုပြီးထိရောက်အောင်ဘယ်လိုလုပ်မလဲ၊ လူနှစ်ယောက်ကိုတကယ်အပြုသဘောဆောင်တဲ့အပြန်အလှန်အကျိုးပြုဖို့အတွက်ပလက်ဖောင်းတစ်ခုဖန်တီးနိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားစေတယ်"
ဆက်စပ်မှု - Lyft ပူးတွဲတည်ထောင်သူ John Zimmer - 'မင်းရဲ့ကိုယ်ပိုင်တန်ဖိုးတွေကိုမင်းဘယ်တော့မှမရှောင်သင့်ဘူး'

၈ ။

ဟုတ်တယ်။ သင့်ရဲ့ရူပါရုံကိုစဉ်းစားပါ။ ဒါပေမယ့်အဲဒါကိုအချိန်မဖြုန်းပါနဲ့၊ ဥပမာအားဖြင့် Elon Musk သည် SpaceX ကိုအင်္ဂါဂြိုဟ်ကိုလွှမ်းမိုးနေသည့်သူ၏အမြင်အာရုံကို တစ်ပတ်လျှင်မိနစ် ၃၀ သာသုံးစွဲသည်။ ထိုမိနစ် ၃၀ အပြင်၊ Musk သည်သူ၏အချိန်အများစုကိုအရေးအပါဆုံးနှင့်အရေးပါဆုံးသောသမိုင်းမှတ်တိုင်များကိုအာရုံစိုက်သည်။
ဆက်စပ်: SpaceX Back Mars မစ်ရှင် Timeline ကိုတွန်း

၉ ။

လူတွေကငါ့ကိုလှုံ့ဆော်မှုအကြောင်းငါ့ကိုမေးတဲ့အခါများသောအားဖြင့်ငါ ၈၀ ရာနှုန်းကိုကျေးဇူးတင်ကြောင်းပြောတယ်။ တကယ်လို့မင်းဆီကလောင်စာဆီတွေရချင်တယ်ဆိုရင်ကျေးဇူးတင်ပါ” ဟု ဂယ်ရီဝိုင်နာချွတ် ကရေးသည်
“ ကျေးဇူးတင်ပါတယ်စီးပွားရေးလုပ်ငန်းမှာအခက်ခဲဆုံးအချိန်တွေကိုကျွန်တော်ရခဲ့တယ်။ ပြိုင်ဘက်တစ်ခုသို့မဟုတ်မယုံနိုင်လောက်အောင် ၀ န်ထမ်းတစ် ဦး သို့မဟုတ်ဒေါ်လာသန်းပေါင်းများစွာ ၀ င်ငွေအတွက်ကျွန်ုပ်နှင့်သဘောတူညီချက်တစ်ခုရှုံးသောအခါငါကျေးဇူးတင်ကြောင်းပျက်ကွက်ခဲ့သည်။ သင်ကျေးဇူးတင်ကြောင်းပြောဆိုသည့်အခါစိတ်ဓာတ်မကျရန်သို့မဟုတ်စိတ်ဓာတ်မကျရန်မဖြစ်နိုင်ပါ။ ”
ဆက်စပ်မှု - Gary Vaynerchuk ကရေရှည်တည်တံ့သောအောင်မြင်မှုအတွက်သော့ချက်သည်လက်တွေ့ဖြစ်သည်ဟုဆိုသည်။ ကာလ။

၁၀ ။

လူအများစုကဘာမှမလုပ်မီ 'လှုံ့ဆော်ခံရ' သည်ဟုခံစားရရန်စောင့်ဆိုင်းနေကြသည်။ ဒီသတင်းကိုဖတ်ကြည့်ရအောင်။ ပျော်ရွှင်တဲ့ အကျိုးဖြစ်ထွန်းတဲ့လူတွေဟာ လှုံ့ဆော်မှုကိုမစောင့်တတ်ကြဘူး၊ မာရီသည်လှုံ့ဆော်မှုအတွက်သူမ၏အကြံပေးချက်များကိုမျှဝေသည့် ဗီဒီယို တစ်ခုလုံးကိုသင်ကြည့်ရှုရန်ကျွန်ုပ်အကြံပြုပါသည်။

Soucre : https://www.entrepreneur.com

Wednesday, November 28, 2012

သင်ရဲ့ ငွေကြေးများကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်မည့် နည်းလမ်း


သင်၏ ငွေကြေးရေးရာ ကိစ္စရပ်များကို စည်းစနစ်တကျဖြစ်အောင် အရင်ဆုံး ဖန်တီးလုပ်ဆောင်ပါ။
မည်သည့်အသုံးစရိတ်အတွက် ငွေပမာမည်မျှ သုံးစွဲနိုင်သည် ဆိုသည့် အစီအစဉ်ရေးဆွဲထားခြင်း မရှိပါက ဝင်ငွေ၊ လစာများ နောက်တစ်ကြိမ် ဝင်မလာမီ ကျွန်မတို့ရဲ့ အသုံးစရိတ်များအား ပိုမိုသုံးစွဲထားမိတတ်ပါတယ်။ အဲဒီအခါကျရင် ဝင်ငွေအသစ်များ ဝင်ရောက်မလာမီ ကာလတစ်လျှောက် ကျွန်မတို့ရဲ့ လက်ချည်းသက်သက် မလောက်မငှ ဘဝနဲ့ အသက်ဆက်နေရမှာ ဖြစ်ပါတယ်။ ငွေကို အလွန်အရေးပါသော အရာများတွင် သုံးစွဲရန်အတွက်သာ တာစူထားသင့်ပါတယ်။ ငွေကို မည်သည့်အခါမျှ အလဟဿ ဖြုန်းတီးမပစ်သင့်ပေ။ ကျွန်မတို့ရဲ့ နေ့စဉ်ဝင်ငွေများအား စနစ်တကျ စိစစ်သုံးစွဲမှသာ ငွေကြေး ကြပ်တည်းမှုအခြေအနေကနေ လွတ်မြောက်နိုင်မယ်လို့ ကျွန်မ မြင်မိပါတယ်။