Tuesday, November 17, 2020

မရေရာပဲ လေလွင့်သူ

 

 Wallpaper Blessed Coffee em 2020 | Esboços de desenho de menina, Ilustração  de café, Produção de arte

မရေရာတဲ့နေ့တစ်နေ့ကို
မပျော်မွေ့တဲ့ အချိန်များနဲ့
ခြောက်ခန်းမသွားစေချင်…
ကော်ဖီတစ်ခွက်နဲ့
သက်ပြင်းအခါခါချ
ကုန်ဆုံးသွားတဲ့ကာလတွေကို
နှမြောမိတယ်…..
မရေရာတဲ့ ခြေလှမ်းတွေက
ကမ္ဘာမြေကို နမ်းရှိုက်ရင်း
တွယ်ရာမဲ့တဲ့ဘဝတွေမို့
ဘယ်ဆီဘယ်ဝယ်ထိ
လေလွင့်နေမယ်ဆိုတာ
ငါ့ကို ငါ မသိသေးပါတကား….။

အမှတ်တမဲ့တွေဟာ အမှတ်တရဖြစ်နေဆဲပါ

 

 


ကျွန်မ ခုတစ်လော ငယ်ငယ်ကအကြောင်းလေးတွေ ပြန်စဉ်းစားနေမိတယ်။ အပြစ်ကင်းစင်တဲ့ ကလေးဘဝကို ပြန်ရောက်ချင်တယ်လည်း မဟုတ်ပါဘူး။ ကျွန်မရဲ့ဝါသနာက ငယ်ငယ်ကတော့ နေ့စဉ် မှတ်တမ်းလေးတွေ ရေးတတ်တယ်။
ဒိုင်ယာရီရေးတယ်လို့တော့ မသိခဲ့ပါဘူး။ ဗလာစာအုပ်ထဲ ဒီနေ့မနက်ဘယ်အချိန်တို့၊ ဘာတို့ စပြီး နေဝင်မိုးချုပ်အိပ်တဲ့အထိဆိုပါတော့။ တစ်နေ့တာ အဖြစ်အပျက်တွေ နောက်မြင်တာ တွေ့တာတွေ စိတ်ထဲခံစားမိတာတွေ ချရေးတော့တာပဲ။

နောက်တော့လည်း ခုကြီးလာချိန်ကြတော့ ဒီစာအုပ်တွေဘယ်ရောက်သွားမှန်း မသိတော့ပါဘူး။ ငယ်ငယ်တုန်းကတော့ ဘယ်နေ့က ဘယ်သူက ငါ့ကို ဘာပြောတယ် ဘယ်သူက စကားမပြောဘူး။ ပြုံးမပြဘူး စသည့်ဖင့်ပေါ့လေ ပြီးရင်

နောက်ရက်တွေကျရင်ပြန်ပြန်ဖတ်ကြည့်တတ်တဲ့ အကျင့်က ရှိပြန်သေးတယ်။ ခုချိန်တော့ ရေးပါဆိုတာတောင် ရေးချင်စိတ်က ဘယ်လိုမှ မကြီးစိုးတော့တာ အရွယ်ကြောင့်လားတော့ မပြောတတ်တော့ဘူး။
ဒါပေမယ့် ခုချိန်ထိ မပြောင်းလဲတဲ့ စိတ်တစ်ခုကတော့ ရှိသေးတယ်။ ဘာလဲဆိုတော့ ကျောင်းအခန်းထဲမှာ သူငယ်ချင်းတွေကို အော်တိုရေးခိုင်းတတ်တဲ့အကျင့်လေးတစ်ခုပါပဲ။ အဲဒီအကျင့်ကတော့ မိတ်ဆွေတွေ၊ ခင်မင်တဲ့သူတွေနဲ့တွေ့လည်း

ရေးခိုင်းတတ်သေးတယ်။ ခုချိန်ထိတော့ သင်တန်းတွေ တက်လည်း ရေးခိုင်းနေတုန်းပဲ။ သူတို့ရေးပေးတဲ့ အော်တိုထဲက အမှတ်တရတွေကလည်း ဘယ်အချိန်ပဲ ပြန်ဖတ် ပြန်ဖတ်၊ ဖတ်လိုက်တဲ့အချိန် ခဏလေးအတွင်းမှာပဲ အဲဒီအမှတ်တရရေးပေးတဲ့

အချိန်ကာလလေးကို ပြန်ရောက်ရှိသွားသလို ခံစားရတယ်။ အဲလိုအချိန်ဆို ဘေးမှာ သူငယ်ချင်းတွေ၊ ခင်တဲ့မိတ်ဆွေတွေ ပျော်တပြုံးပြုံးနဲ့ စိတ်ကြည်နူးမှုကို လှိုက်လှဲစွာ ခံစားမိတယ်။ အင်း… အဲဒီလိုအခါမှာ ကိုယ့်ဘာသာ ကောက်ချက်ချမိတယ်။ ငါ

စိတ်ကူးယဉ်သမားတွေထဲမှာ တစ်ယောက်အပါအဝင်ပါလားလို့လေ။ တစ်ခါတလေ စိတ်ညစ်စရာတွေနဲ့ ကြုံလာတဲ့အခါ သူငယ်ချင်းနဲ့ ကိုယ့်ပေါ်ကောင်းတဲ့သူတွေ အနားမှာ မရှိခဲ့ဖူးဆိုရင် ဒီအမှတ်တရစာအုပ်လေးတွေကတော့ ကျွန်မရဲ့

အဖော်မွန်တစ်ဦးပါပဲ။ ကိုယ်တိုင်ကပဲ အပေါင်းအသင်းမင်တတ်တဲ့ လူစားမို့လို့လား မသိဘူး။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်သူငယ်ချင်းက လာခေါ်ခေါ် မအားဘူးဆိုတဲ့ အသုံးအနှုန်း တစ်ခါဖူးမှ မပြောမိခဲ့ဘူး။ အမြဲအဆင့်သင့်လိုက်ပေးခဲ့တယ်။

ဒါကြောင့်လည်း သူငယ်ချင်းကောင်းတွေ ရရှိခဲ့တာလား မစဉ်းစားကြည့်မိပါဘူး။ ဒါနဲ့ ကျွန်မလိုဘဲ ခံစားကြည့်ချင်လား။ ပတ်လိုက်တဲ့အချိန်မှာ ရေးပေးတဲ့သူတွေနဲ့ တွေ့ဆုံတဲ့ အချိန်ကလေးကို ပြန်ရောက်သွားတယ်လို့ ပြောတာ မယုံဘူးမလား။

အမှတ်တမဲ့ကနေ အမှတ်တရလေးတွေ အများကြီး ပေးစွမ်းပါတယ်။ ခုလောလောဆယ်တော့ ကျွန်မနဲ့ ခင်မင်သိကျွမ်းပြီး ရင်းနှီးမှုလေးတွေ ရရှိထားတဲ့သူတွေ ရေးပေးထားတာလေးတွေ ပြန်ဖတ်ပြီး အဲဒီအချိန်ကာလကို သွားနေတယ်ဆိုတာကို

ပြန်ရေးပြမယ်နော်။ တကယ်လို့သာ ကျွန်မလို ရင်ထဲက ခင်မင်မှုတွေနဲ့ ရှင်သန်နေတဲ့ ဝန်းကျင်လေးရှိခဲ့ရင် ပြန်လည်သတိရ အောင်းမေ့ လွမ်းဆွတ်နေစေဖို့ပေါ့။ သူတို့တွေက ဒီလိုလေးတွေ ပြောထားတယ်။

ခါတစ်ရံ
နံနက်ခင်း
အပြုံးတွေ
လင်းလို့
ခင်မင်လေးစာစွာ
(ကမ်းဝေး)

———————————————————

လွတ်လပ်စွာ
ပျံသန်းနိုင်တဲ့တစ်နေ့
ကောင်းကင်မှာ တွေ့ကြမယ်
BLACKCHAW

————————————————–
ခင်မင်တတ်တဲ့
အဘ FR

ပျော်စရာကြီး… နော
nozomi

——————————————————-

ကံကောင်းခြင်းများ
ခဏ ခဏကြုံပါစေ

Char too Lan

——————————————————-

မနောဖြူလေး
မင်္ဂလာရှိသော
နေ့များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
Sue

——————————————————

ဘဝရဲ့ ကောင်းကျိုးဆိုးကျိုးတွေဆိုတာ
ကိုယ်လုပ်တဲ့ အကြောင်းတရားက
ရရှိလာတဲ့ အကျိုးတရားပါပဲ
nature
————————————————
နံနက်ခင်းတိုင်း
အပြုံး
ဝတ်ရုံတစ်စုံနဲ့
နိုးထနိုင်ပါစေ
အာဂ

ပျော်ရွှင်ခြင်း
မနက်ဖြန်များစွာကို
ပိုင်ဆိုင်နိုင်ပါစေ
နွယ်ပင်

—————————————————–
အမြဲပျော်ရွှင်နိုင်ပါစေ
Pan Pan Chit
—————————————————-

ချမ်းမြေ့ပျော်ရွှင် အောင်မြင်သောဘဝကို
ရရှိပိုင်ဆိုင်နိုင်ပါစေ
Ma Ma

—————————————————-
ဘဝနှင့် ဆန္ဒ တစ်ထပ်တည်း ကျနိုင်ပါစေ
ရင်ငြိမ်းနွေး (နွေးသီး)

—————————————————-
Merry Christmas and
happy new year!
Wei Wei
—————————————————-

စိတ်ထားကောင်းရင်
ကံကောင်းတယ်တဲ့
နဂိုထဲက မနောဖြူဆိုလို့
ကံကောင်းစေဖို့
ဆုတောင်းပေးစရာ
မလိုတော့ဘူး ထင်ပါတယ်
မှော်ဆရာ
——————————————————

အမှန်တရားကို ရှာဖွေရင်း
အမှားမှား အယွင်းယွင်းတွေကိုမှ
ချဉ်ချင်းတပ်မိတဲ့ဘဝ
နက်ဖြန်ရှိရင် လှမှာပါ
ထက်ဝေး

ကဲ… မိတ်ဆွေတို့လည်း ခုလို အမှတ်တရလေးတွေ ရှိခဲ့ရင် ပြန်လည်ရောက်ရှိ ခံစားလိုက်ပါနော်။ မနောကို ခင်မင်ကြတဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ခုချိန်မှာ ရှိခဲ့ရင်လည်း သူတို့လိုပဲ အမှတ်တရ စကားလေးတွေ ရေးပေးခဲ့ပါဦးလို့

ပြောလိုက်ပါရစေနော်။

အားလုံးရဲ့
မနော

 

အတိတ်၏ခြေရာ

 


ပြီးခဲ့တဲ့နှစ်တွေက
တစ်စတစ်စနဲ့
ပျောက်ဆုံးသွားခဲ့လေပြီ။

အတိတ်ရဲ့နေ့ရက်များက
ထူထဲခဲပျစ်တဲ့ဒုက္ခတရားတွေနဲ့အတူ
ထူထဲကြမ်းတမ်းတဲ့ဖြတ်သန်းခြင်းများစွာဖြင့်
ထူထဲခက်ခဲလှတဲ့ ဝမ်းစာရေးနှင့်အတူ
လှုပ်ရှားရုန်းကန်နေဆဲ….

ပြီးခဲ့တာတွေ ပြီးပါစေတော့တဲ့
လူတိုင်း ပါးစပ်ဖျား ပြောကြားနေလျှက်
တစ်နာရီပြီး တစ်နာရီ
တစ်နေ့ပြီး တစ်နေ့
တစ်လပြီး တစ်လ
တစ်နှစ်ပြီး တစ်နှစ်
ဖြတ်ကျော်နေမြဲ
မပြီးဆုံးသေးသော ကန္တာရခရီးကြမ်း
ဆက်လျှောက်နေဆဲ….

ဘဝက ခါးသီးတာလား
ခါးသီးတဲ့ဘဝကို ကျေနပ်နေသလား
ခုတိုင် ထင်မှတ်မှားနေဆဲ……

ပြန်မရသော အတိတ်
ခြေရာကောက်ရင်း
ချထားပစ်ခဲ့တဲ့ အလင်းရောင်ဆီ
တစ်ခေါက်ပြန်အရောက်ဟာ
ဖြစ်လာနိုင်ပါဦးမလား…

မနောဖြူလေး

 

Monday, October 26, 2020

စာပေရဲ့ အနှစ်သာရ


 The 50 great books on education

မြန်မာပြည်မှာ ခေတ်ပညာတတ်လူငယ်တွေများလာတာနဲ့အမျှ တိုးတက်မှုတွ ရှိလာသလို၊ ဆုတ်ယုတ်မှုတွေ လည်း ရှိလာကြတာကို မြင်တွေ့ရလို့ အခုလို အကြံပြု တင်ပြရေးသားလိုက်ခြင်းပင် ဖြစ်ပါတယ်။ အထူးသဖြင့် စာရေးဆရာ/ဆရာမ အများစုဟာ အချစ်ကြမ်းကြမ်း၊ အလွမ်းတွေပဲ အရေးများပြီး ရောင်းတန်းဝင်ရေးကိုသာ အလေးထားလာကြတာ အများအားဖြင့် အတွေ့များလာပါတယ်။ အမှန်တော့ စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါပဲ။ စာအုပ်ဖြစ်အောင် မနည်းရေးတဲ့ စာရေးသားသူ စာရေးဆရာ၊ ဆရာမတွေကို လည်း လေးလည်းလေးစားပါတယ်။ ချစ်လည်း ချစ်ပါတယ်။  နောက်တစ်ချက်ကတော့ အရမ်းအားကျ ပါတယ်။ ကျွန်မကတော့ စာရေးတာထက် စာဖတ်တာကို ဝါသနာထုံတဲ့သူပါ။ စာကလည်း ရေးတတ်မှ ဖတ်သူ စိတ်၀င်စားမှာပါ။

အထူးသဖြင့် ဗဟုသုတရဖွယ်လေးတွေကို ရှာဖွေ ဖတ်တဲ့အကျင့်ကြောင့်ပါ။ ယခုခေတ်ကာလမှာ လူငယ်တွေ အတွက် အပျော်ဖတ်စာပေတွေသာ ရောင်းပန်းလှနေပြီး ဗဟုသုတဖြစ်ဖွယ်များကတော့ လမ်းဘေးက စာအုပ်ဆိုင်တွေမှာ ချရောင်းနေကြတာကို ဝမ်းနည်ဖွယ်တွေ့နေရလို့ပါပဲ။ အဲဒါကြောင့် စာရေးဆရာ/ဆရာမ များအနေနဲ့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် လူငယ်တွေကို မီးမောင်း ထိုးပြနိုင်မယ့် ဗဟုသုတ ဖြစ်ဖွယ်၊ သတင်း၊ ဆောင်းပါး၊ စာပေ၊ ဝတ္ထုများကို တတ်နိုင်သမျှ များများ ရေးသားပေးကြစေလိုပါတယ်။

ချစ်စရာ့ ငါတို့ မြန်မာ

 

 

တန်ဆောင်မုန်းလဟာ မြန်မာလများထဲမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာနှင့် နို၀င်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ နောက်ဆုံး ရှင်မာလဲပွဲတော်တို့ကို ကျင်းပကြတယ်လေ။ ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲနော်။

ကထိန်သင်္ကန်းအလှူဆိုတာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရတဲ့ ကာလဒါန ဖြစ်တယ်။ ကထိန်ပွဲတော်ကို ရိုးရိုးကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည် ဦးစီးပြီး လူများစုက ဝိုင်း၀န်းလှူဒါန်းသော ကထိန်ဆိုပြီး ကျင်းပလေ့ရှိပါတယ်။ သင်္ကန်းအပ်နှင်းမှု၊ ချုပ်၊ ဆိုးမှုများ ညတွင်းချင်း ပြီးစေပြီး အရုဏ်မတက်မီ လှူဒါန်းနိုင်တဲ့ သင်္ကန်းကို မသိုးသင်္ကန်းပွဲလို့ ခေါ်ခြင်း ဖြစ်ပါတယ်။

စိတ်ဓာတ်၊ လုပ်ရပ်၊ ရလဒ်

 

 

လူတိုင်း လူတိုင်းမှာ သမိုင်းကိုယ်စီရှိကြပါသည်။ လူတို့သည် ကိုယ့်သမိုင်းကို ကိုယ်ဖော်ဆောင်ကြသည် ဆိုသည်မှာ ပြောစရာလိုမည် မထင်ပေ။ ကောင်းသော လုပ်ရပ်များကို လုပ်ဆောင်လျှင် ကောင်းကျိုးရဲ့ ရလဒ်ကို စံစားရသလို မကောင်းသော လုပ်ရပ်များကို လုပ်ဆောင်ကြသူများ၏ ရလဒ်သည်လည်း ထိုနည်းတူ ခံစားရမည် ဖြစ်ပါသည်။ အမှန်တကယ်တော့ လုပ်ရပ်ရှိလို့ ရလဒ်ဆိုတာ ဖြစ်ပေါ်လာရခြင်းသာ ဖြစ်ပါသည်။ လုပ်ရပ်နှင့် ရလဒ်ရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ စိတ်ဓာတ်ဆိုတဲ့အရာက ဦးဆောင်ခေါ်ယူသွားခြင်းပင် ဖြစ်ပါသည်။

Sunday, October 25, 2020

အလုပ်ခွင်အသစ်နေရာ ပြောင်းရွှေ့လျှင် ကြိုတင်ပြင်ဆင်ထားနိုင်ရန် နည်းလမ်းများ

 


လုပ်ငန်းခွင်တစ်ခုတွင် သင် မပျော်တော့လျှင် ဒါမှမဟုတ် ကိုယ့်အတွက် ဒီထက် ပိုပြီး တိုးတက်အောင်မြင်လို လျှင်သော်လည်းကောင်း၊ လုပ်ငန်းနယ်ပယ် ပိုမို ချဲ့ထွင်လိုလျှင်သော် လည်းကောင်း လုပ်ငန်းခွင်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့သင့်ကြောင်း ဟောပြောပွဲတစ်ခုမှာ ဒေါက်တာ အောင်ထွန်းသက် ဟောပြောတာကို ကြားခဲ့ဖူးပါသည်။

ယခုပြောချင်သည်များကတော့ လုပ်ငန်းလုပ်သည်ဆိုသည်မှာ မည်သည့်နေရာပင် ရောက်ရှိနေပါစေ ကိုယ် ကျွမ်းကျင့်သည့် အတတ်ပညာနှင့် ဝါသနာပါသည့် အလုပ်မျိုးကိုသာ ရွေးချယ် ပြောင်းရွေ့သင့်ပေသည်။ အလုပ်တစ်ခု ရွှေ့ပြောင်းတော့မည်ဆိုလျှင် ငွေတစ်ခုထဲမကြည့်ပဲ ကိုယ်ပျော်ရွှင်ရာ နေရာဖြစ်မည်လားဆိုတာပါ ထည့်သွင်းစဉ်းစားသင့်ပါသည်။ ရံဖန်ရံခါ အဆင်ပြေမလားဆိုပြီး ပြောင်းလိုက်သည့် အလုပ်က အဆင်မပြေ မှုတွေ ဖြစ်လာသည့်အခါ ဘယ်လိုတွေ နေထိုင်သွားရမလဲဆိုတာပါ ကြိုတင် စဉ်းစားထားဖို့ လိုအပ်လှပါသည်။ အလုပ်ပြောင်းပြီဆိုရင်ဖြင့် ဘာကြောင့် ပြောင်းတာလဲ၊ ဘာအတွက် ပြောင်းတာလဲဆိုတာ ကိုယ့်ဘာသာ အရင်ဆုံး မေးခွန်းထုတ်သင့်ပါသည်။ အလုပ်ပြောင်းခြင်းသည် ဝန်းကျင်သစ်တစ်ခုကို ပြောင်းလဲခြင်းပင် ဖြစ်ပါသည်။ ဒီတော့ ဝန်းကျင်အသစ်မှသူများဖြင့် ငါ သဟဇာတ တည့်ပါ့မလား။ ဒီဝန်းကျင်အသစ်က လူတွေက ဘယ်လိုလူမျိုးတွေလဲ၊ ဘယ်လိုစိတ်ဓာတ်တွေ ရှိနေသလဲဆိုတာပါ တွေးတော ပြင်ဆင်ထားသင့်ပါသည်။ တစ်ချို့ကျတော့ လက်ရှိအလုပ်မှာ လစာလည်းမကောင်းပဲ နောက်ဝန်းကျင်အသစ်မှ လူများနှင့် ပြောဆို ဆက်ဆံရမည်ကို ဝန်လေးကြောက်ရွံ့နေသဖြင့် ဘယ်အလုပ်မှ မပြောင်းပဲ ဘဝကို ဒီနေရာမှာပဲ ဒီအတိုင်း ပေးတဲ့လစာနဲ့ အငြိမ်နေသွားကြသူများလည်း သင် တွေးဖူးကောင်း တွေးဖူးပါလိမ့်မည်။ ဒီလိုဆိုရင်တော့ ရတဲ့လစာနဲ့ တင်းတိမ်ရောင်ရဲစွာဖြင့် နေနိုင်မှသာ ဒီအလုပ်တစ်ခုထဲ သေတပန် သက်တစ်ဆုံး နေထိုင် သွားနိုင်ကြမည် ဖြစ်ပါသည်။

ကျွန်မပြောသော ကျွန်မရဲ့အကြောင်း

 


ကျွန်မရဲ့နာမည် ………… မနောဖြူလေး

ကျွန်မကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… မနော

ကျွန်မဒီမှာနေတယ်………… နေစကြဝဠာ၊ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးရဲ့အောက် ကမ္ဘာမြေပေါ်တစ်နေရာ

ကျွန်မဆီဖုန်းဆက်ချင်ရင်………… လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုအတွင်းတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင်


ကျွန်မရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်………… မိုးပြာရောင်

အဝတ်အစားဆိုရင်………… သွားလို့လာလို့နေလို့ထိုင်လို့ သင့်တော်ပြီး သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်မှု (မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အဝတ်အစား)

အစားအစာဆိုရင်………… စားချင်တဲ့အစားပဲစား မစားချင်တာ ကျွေးလို့မရ(ဝက်သား၊ အမဲသားမစား)

ပစ္စည်းဆိုရင်………… ကိုယ့်မှာရှိတာ မြတ်နိုးတယ်။ လက်ဆောင်ရတာလေးတွေ တန်ဖိုးထားတယ်။

သီချင်းဆိုရင်………… အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊ ရှိသေးတယ် မရေးတော့ဘူးနော်။

Thursday, October 22, 2020

ကိုယ်ပိုင်စီးပွားရေးတစ်ခု ပြုလုပ်တော့မည်ဆိုလျှင် ဘာတွေပြင်ဆင်ထားသင့်သလဲ

ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ တားဆီးနေတဲ့ အချက်များ - Advertising Directory

 

စီးပွားရေးတစ်ခု ပြုလုပ်တော့မည် ဆိုလျှင် သင်၏ စီးပွားရေး အကြံဉာဏ်၊ အချက်အလက်များကို စုစည်း၍ စနစ်တကျ ဖေါ်ပြထားခြင်း ဖြစ်ပါသည်။

သင့်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ရန် သင့် မသင့်ဆုံးဖြတ်ပါ။ စီးပွားရေး လုပ်ငန်း များကို စတင်လုပ်ကိုင်မိသည်နှင့် သင်တို့၏ဘဝကို ပြောင်းလဲသွားစေပါသည်။ စီးပွားရေးစီမံချက်များက ဆုံးဖြတ်ချက်များ မှန်ကန်စေရန် ကူညီပေးသည့် လုပ်ဆောင်ချက်ပင် ဖြစ်ပါသည်။ လုပ်ငန်းမစတင်မီ ပြင်ဆင်ခြင်းဖြင့် လုပ်ငန်း၏ အရှုံးအမြတ်များကို ကြိုတင်ခန့်မှန်း တွက်ချက် ပြင်ဆင်နိုင်ပေသည်။ သင်၏အကြံဉာဏ်များကို စနစ်တကျ စုစည်းခြင်းဖြင့် စီးပွားရေး လုပ်ငန်းများကို အကောင်းဆုံး ဆောင်ရွက်နိုင်ပါမည်။ စီးပွားရေးလုပ်ဆောင်ရာတွင် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် စနစ်တကျ အစီအစဉ်ဖြင့် တင်ပြသွားစေသဖြင့် စီးပွားရေး အတွေးအခေါ်၊ အကြံဉာဏ်များကို ပိုမိုကောင်းမွန်စွာ စုစည်းမိစေပြီး၊ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်စေရန် ပိုမိုကောင်းမွန်သော လမ်းညွန်မှုများရရှိနိုင်ပါသည်။ သင်၏ စီးပွားရေး အကြံဉာဏ်များကို မတည်ငွေကြေးရှာဖွေရန်အတွက် ဘဏ် (သို့မဟုတ်) အခြား အသေးစားငွေချေး အဖွဲ့အစည်းများသို့ တင်ပြပါ။ ထိုသို့တင်ပြရာတွင် ကိုယ်တိုင်ပြင်ဆင်ထားသော စီးပွားရေးစီမံချက်များကို ပူးတွဲတင်ပြရလေ့ ရှိသဖြင့်၊ ငွေကြေးရှာဖွေရာတွင် ပိုမိုအဆင်ပြေစေသည်။ ယခုအခါ နိုင်ငံတော် တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်များပြားလာပေရာ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာမှ ငွေချေးလုပ်ငန်းများ ပေါ်ပေါက်လာနေပြီ ဖြစ်ပါသည်။ ထို့အတွက် သင်တို့လည်း ဒီလို အခွင့်အရေးမျိုး ရရှိပိုင်ဆိုင်နိုင်ပြီ ဖြစ်ပါသည်။ စီးပွားရေးမစတင်ခင် သင်ရဲ့ လုပ်ငန်းအစီအစဉ်များ ချမှတ်ထားရမည်။

အမြဲတမ်းအတွက် ငွေစု နိုင်မည့် နည်းလမ်း

အမြဲတမ်းအတွက် ငွေစု နိုင်မည့် နည်းလမ်း 

အလုပ်လုပ်ရင်း သုံးလိုက် စားလိုက်နှင့် သင် ငွေမစုဖြစ်ဘူးဆိုရင်တော့ အမြဲတမ်းအတွက် စိတ်ပူစရာအလွန်ကောင်းလှပါသည်။ ကျွန်မသည်လည်း တစ်ခါတစ်ရံ ဖြစ်လေးရှိသည့် အရေးပေါ် အသုံးလိုခြင်း ဘဝမှ ကင်းဝေးအောင် နည်းနာများကို လေ့လာတွေ့ရှိပြီး ယခုလက်ရှိမှာ လိုက်နာကျင့် ကြံကြည့်နေပါသည်။ သင့်အတွက် အသုံးဝင်မည်လို့လည်း ခန့်မှန်းမိသဖြင့် သိမှတ်ထားသမျှ ပြန်လည် ရေးသား တင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဖြစ်ပါသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင်ထားရန် အထူး အရေးကြီးလှပေသည်။ ဟုတ်ပြီ။ ကျွန်မတို့အနေဖြင့် ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုတာ သိထားဖို့ လိုပါသည်။ ဒါမှသာ နောင်ရေးအတွက် စိတ်အေးမည် ဖြစ်ပါသည်။

ခေါင်းဆောင်ကောင်းထက် နောက်လိုက်ကောင်းဖြစ်ဖို့လို…

ခေါင်းဆောင်ကောင်းထက် နောက်လိုက်ကောင်းဖြစ်ဖို့လို…

 ခေါင်းဆောင်တဲ့။ ဘယ်လိုအရာတွေကိုခေါင်းဆောင်လို့ ခေါ်တာလဲ။ ဘယ်လိုလူမျိုးတွေကိုသတ်မှတ်တာလဲ။ ကိုယ်က ခေါင်းဆောင်လား ဒါမှမဟုတ် ကိုယ့်မှာခေါင်းဆောင်ရှိရဲ့လား စဉ်းစားကြည့်မိပါသည်။ ဒီအတိုင်း ခေါင်းဆောင် ဆိုတဲ့ နာမည်ခံနေရုံနဲ့တော့ ခေါင်းဆောင် ဒါမှမဟုတ် ဦးဆောင်သူလို့ ခေါ်ထိုက်သလားစဉ်းစားဖို့ လိုလာပါပြီ။ ဘယ်နေရာမဆိုသူ့နေရာနဲ့သူတော့ ဦးဆောင်သူဆိုတာရှိစမြဲပါပဲ။ အိမ်မှာလည်းအိမ်အလျောက် ရုံးမှာ ဒါ့အပြင် အသင်းအဖွဲ့တွေမှာကော Leader လို့ ခေါ်တဲ့ ဦးဆောင်သူတွေ တွေ့ရှိရမှာပါ။ ခေါင်းဆောင် အကြီးအမှူးဆိုတာနာမည်ကြားလိုက်ရုံနဲ့ ခွန်အားပြည့်သွားသလို၊ အားမာန်တက်သွားသလို၊ လုံခြုံသွားသလို ခံစားမှုမျိုးဖြစ်ပေါ်စေပါသည်။ ဥပမာ ကျွန်မတို့ရဲ့ဖခင်ကြီးလူတိုင်း နိုင်ငံတိုင်းကကမ္ဘာကပါ အသိအမှတ် ပြုထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း Leader ကောင်းတစ်ဦးပါလို့ ပြောရင် သင် ငြင်းနိုင်ဦးမှာလား။ နောက် မမေ့နိုင်သည့် ပုဂ္ဂိုလ်တစ်ဦးသည်လည်း ရှိပါသေးသည်။ ဘုရင့်နောင်ဖောင်ဖျက်သည် ဆိုတဲ့ စကား ခုချိန်တိုင် သုံးစွဲနေကြသေးသည်ကို တွေ့ရှိနေရသေးသည်။ နောင်ရိုးတိုက်ပွဲ ဘာကြောင့် အောင်မြင်ခဲ့သလဲ ခေါင်းဆောင်ကောင်း၏ စစ်မှန်သောဆုံးဖြတ်ချက်ဟုပြောလျှင် လွန်အံ့မထင်ပေ။

Thursday, October 15, 2020

သင့်စာအုပ်တွေကော ဘယ်လိုမျိုးထားသလဲ

 

 

  အရာအားလုံး မပိုင်ဆိုင်နိုင်ပေမယ့် ကျွန်မ ပိုင်ဆိုင်တာတစ်ခုကို ပြောပါဆိုရင်တော့ ကျွန်မ မြတ်နိုးတဲ့ စာအုပ်တွေပဲ ဖြစ်ပါတယ်။ ကျွန်မကို ဘာလိုအပ်နေလဲ မေးရင်လည်း လိုချင်တာကတော့ စာအုပ်တွေပါပဲလို့ ပြောမိမှာ အမှန်ဖြစ်ပါတယ်။ စာအုပ်တွေလေ။ ပြန့်လို့ ကျဲလို့။ ဖုန်တွေလည်း တက်။ ပင့်ကူမြေှးတွေလည်း ငြိလို့။ ဒါတောင် လျှောအိတ်နဲ့ ထည့်ထားတဲ့ စာအုပ်တွေက တစ်ပုံတစ်ပင်။ ခဏခဏ ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့ ခေါင်းအုံး နားနဲ့ စားပွဲခုံပေါ်မှာ လှန်တချို့ မှောက်တချို့။ အသစ်လက်ဆောင်ရထားတဲ့ စာအုပ်တွေကတော့ စားပွဲပေါ်တချို့၊ အိတ်ထဲက မထုတ်ရသေးတာ တချို့။ စာအုပ်စင်လေး တစ်ခုလုပ်မယ်လို့ စိတ်ကူးထားပေမယ့် အခုထိ အကောင် အထည် မဖော် နိုင်သေး။

မုဒုံမြို့မှ အတောင် ၄၀၀ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဇိနသုခရန်အောင် ချမ်းသာဘုရားကြီး

 

 

 

သူငယ်ချင်းများနဲ့အတူ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ၀င်းစိန်တောရ ရတနာတောင်သို့ ရောက်ရှိခဲ့ပါတယ်။ အထက်ပါ ဘုရားကြီးသည် ကမ္ဘာပေါ်တွင် အတောင် ၄၀၀ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဇိနသုခရန်အောင် ချမ်းသာဘုရားကြီး ဖြစ်ပါတယ်။ တစ်ခါမှ ဖူးမြော်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ မြင်လည်း မမြင်ဖူးဘူးလေ။ အရမ်း အံ့သြဖို့ကောင်းတယ်နော်။

သူငယ်ချင်းက ကျိုက္ခမီ၊ စက်စဲ သွားမယ် လိုက်မလားလို့ မေးတော့ မရောက်လည်း မရောက်ဖူးတာနဲ့ ဘယ်လောက် ကုန်မှာလဲလို့ အရင်မေးရသေးတယ်လေ။ ပြီးမှ သိပ်မကုန်ရင် လိုက်ခဲ့မယ်။

တစ်ခါမှ မရောက်ဖူးသေးဘူးလို့ ပြောလိုက်တယ်။ သူတို့နဲ့က ကျိုက်ထီးရိုးသွားတုန်းကလည်း လိုက်သွားဖူး တော့ သူငယ်ချင်းရုံးက လူတွေ အားလုံးနဲ့ကလည်း ရင်းနှီးနေပြီလေ။ အားလုံးကလည်း အတင်း လိုက်ခိုင်းကြတယ်။ ပြီးတော့ လူလည်း ညီတယ်။ အားလုံးက စိတ်ထားကောင်းပြီး ဖော်ရွေကြတယ်။ အခု သွားမှာကလည်း ထား၀ယ်အသင်းနဲ့ သွားမှာတဲ့။

Photoshop သုံးနေရင်း နေရာလွတ်မရှိတော့ဘူးဆိုရင် . . .

 

 

ဒီနေ့တော့ photoshop သုံးသူများ ကြုံတွေ့ရတဲ့အကြောင်းအရာလေးကို တင်ပြလိုက်ပါတယ်။
ဒါဟာ ဘာလည်းဆိုတော့ Memory နေရာလွတ်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ Photoshop Program ကို အသုံးပြုတဲ့အခါ Memory မလောက်ဘူး (run out of Memory, insuffcient Memory) ဆိုတဲ့ သတိပေးချက် စာသားတွေကို မြင်တွေ့ဖူးပါလိမ့်မယ်။ အများအားဖြင့် Plug-in-Fiter တွေကို အသုံးပြုတဲ့အခါ အတွေ့များ ပါတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ မိမိပြုလုပ်နေတဲ့ ပုံတွေဟာ ပုံအကြီးတွေဖြစ်ပြီး ပြုလုပ်ခဲ့သမျှ အကြောင်းအရာတွေ အတွက် Memory မှာ နေရာယူထားတာ ဖြစ်ပါတယ်။

လုပ်ဆောင်ရမှာကတော့ Edit Menu ထဲက Purge ကို ရွေးချယ်ပါ။ နဂိုက ပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေကို History ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီအခါ ထပ်မံပေါ်လာတဲ့ အကွက်ထဲက ALL ကို Click နှိပ်လိုက်ပါ။ အခုလို Purge နဲ့ ဖျက်ပစ်မယ့် အကြောင်းအရာတွေက နောင်တစ်ချိန်မှာ ပြန်မရတော့ဘူးဆိုတာ သတိပေးတဲ့ ပုံစံကွက်ပေါ်လာပြီး တကယ်လို့ အသုံးမလိုတော့ ရင်တော့ အားလုံးဖျက်ပစ်လိုက်တာ ပိုကောင်းပါတယ်။ ပြီးရင် 0k ကို ရွေးချယ်လိုက်ပါ။ ဒါဆိုရင် မိမိလိုချင်သော နေရာလွတ်ကို ရရှိသွားပြီ ဖြစ်ပါတယ်။

Photoshop အပိုင်းကို ဝါသနာပါလို့ လေ့လာနေဆဲ ဖြစ်ပါတယ်။

 



Monday, October 12, 2020

ကျိုက်ထီးရိုးဆံတော်ရှင်သို့ တစ်ခေါက်

 

 ကျိုက်ထီးရိုးဆံတော်ရှင်သို့ တစ်ခေါက်

ကျိုက်ထီးရိုးစေတီသည် ကျိုက်ထိုနယ်ရှိ အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သော ပေါင်းလောင်း တောင်ပေါ်မှာ တည်ရှိပြီး မြန်မာနိုင်ငံမှာ တန်ခိုးကြီးတဲ့ စေတီတစ်ဆူ ဖြစ်ပါတယ်။ ကျိုက်ထီးရိုးစေတီကို အစွဲပြုပြီး စေတီတည်ရှိတဲ့ တောင်ကိုလည်း ကျိုက်ထီးရိုးတောင်လို့ ခေါ်ကြတယ်။၊ ကျိုက်ထီးရိုးစေတီ တည်ရှိရာ တောင်ထွတ်မှာ ပင်လယ်ပြင်မှ ပေ ၃၆၀ဝ ခန့် မြင့်ပါတယ်။

ကျိုက်ထီးရိုးစေတီ တည်နေပုံမှာ အံ့သြဖွယ်တော်တော် ကောင်းပါတယ်။ ကြီးမားမတ်စောက်တဲ့ ကျောက်ဆောင် တစ်ခုရဲ့ အစွန်းမှာ လုံးပတ် ပေ ၅၀ ခန့် ရှိသော ဦးခေါင်းပုံသဏ္ဍာန် ကျောက်လုံးကြီး တစ်ခုက ပြုတ်လုတည်းကာ တင်နေတာကို တွေ့ရတယ်။ အဲဒီကျောက်တုံးကြီးပေါ်တွင်မှ—ဉာဏ်တော် ၁၅ ပေခန့် မြင့်သော စေတီတော်ကို တည်ထားတာ တွေ့ရတယ်။ ပြီးတော့ စေတီတည်ရှိရာ ကျောက်ဆောင်နှင့် ရင်ပြင်တော်ကို ချောက်တစ်ခုခြားနေပြီး သံတံတားငယ်ဖြင့် ဆက်သွယ်ထားတာကို တွေ့ရပါတယ်၊ စေတီ တည်ထားရာ ကျောက်တုံးကြီးဟာ လူတစ်ယောက် တွန်းလိုက်ရုံနှင့် လှုပ်ရှားသွားတာ တွေ့နိုင်တယ်။ ထိုကျောက်တုံးကို တွန်းပြီအောက်ခံကျောက်အကြားကို အပ်ခြည်ကြိုးသွင်းပြီး ဆွဲယူနိုင်လို့ရတယ်။

Sunday, October 11, 2020

အလုပ်လုပ်ရင်း သင်ယူလေ့လာမှုကို ရပ်သင့်သလား

 

 

People Working Together Free, HD Png Download - kindpng

လူတိုင်း အရွယ်ရောက်လာရင် အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ပြီးဆိုရင်ဖြင့် ကိုယ် ဘယ်နေရာမှာ ဘာအပိုင်းကို တာ၀န်ယူ လုပ်ဆောင်ရမှာလဲ။ ဘာတွေပြင်ဆင်ထားရမလဲ။ တချို့ကျပြန်တော့ တဖြည်းဖြည်း အသက်သာ ကြီးလာတာ ဘာအလုပ်မှ မလုပ်ဘဲ သင်တန်းတွေပဲ တက်နေသူများ ဒုနဲ့ဒေးပါပဲ။ မည်သူမဆို လိုအပ်ချက်တွေ ကတော့ အနည်းအများ ရှိနေကြမှာ အမှန်ပါပဲ။ ဒီလိုလိုအပ်ချက်တွေကို လုပ်ငန်းခွင်၀င်ရင်းဖြင့် သင်ယူသွားရင်လည်း ရနိုင်ပါတယ်။ ဒီလိုပဲ အောင်မြင်တိုးတက်ဖို့အတွက် ကြိုးစားမှုကို လည်း သင်ယူလေ့လာနေခြင်းကနေ အောင်မြင်မှု ပန်းတိုင်ကို အရောက်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတချို့ရဲ့ အတွေးအခေါ်ကျပြန်တော့ အလုပ်တစ်ခုရရှိပြီဆိုရင် သင်ယူလေ့လာဖို့ မလိုတော့ဘူးလို့ တွေးထင်ကောင်း တွေးထင်တတ်ကြပါတယ်။ သင်လည်း ဒီလိုအယူအဆ ခေါင်းထဲ၀င်လာရင်တော့ အမြန် နှင်ထုတ်သင့်ပါတယ်။ သင်က လက်ရှိအနေအထားမှာ ရပ်တန့် မနေချင်ဘူး ဆိုရင်တော့ အမြဲသင်ယူပါ။ လေ့လာပါ။ စူးစမ်းပါ။ သင်ယူရုံနဲ့ မပြီးပြည့်စုံပဲ ဗဟုသုတပါ ရှာမှီးထားသင့်ပါတယ်။

ချမ်းသာခြင်းသည် ကောင်းခြင်းလော ဆိုးခြင်းလော

 

Repeal TABOR & Tax the 1% – John Kelly for Colorado State Senate

အများအားဖြင့် လူတိုင်းလူတိုင်း ချမ်းသာခြင်းကို အလိုရှိကြပါတယ်။ ချမ်းသာခြင်းကို အင်္ဂလိပ်လိုအားဖြင့် Rich လို့ ခေါ်ပါတယ်။ တချို့က ချမ်းသာမှုရဖို့အတွက် မနေမနားကြိုးစားကြပါတယ်။ ဒီလို ကြိုးစားမှုမျိုးကို Rat race လို့ခေါ်ပါတယ်။ တချို့ကလည်း ဘာဖြစ်ဖြစ် ချမ်းသာရင်ပြီးရောလို့ သဘောထားပါတယ်။ တစ်ချို့ကလည်း ချမ်းသာဖို့ ဆုတောင်းကြပါတယ်။ တချို့ကလည်း ချမ်းသာဖို့ ကလိမ်ကျကြတယ်။ ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ လိုအပ်ချက်တွေကနေ စတာဖြစ်ပါတယ်။ လူသားတွေမှာ လိုအပ်ချက် (Need) တွေဆိုတာ အမြဲရှိနေပါတယ်။

Friday, October 9, 2020

မိမိကိုယ်သာ အားကိုးရာ

 Truth-boundedness vs. non truth-bound | Photography business cards,  Illustration, Vector illustration

 

စာဖတ်ပရိသတ်တွေအတွက် အောင်မြင်မှုသည် မိမိကိုယ်တိုင် ဖန်တီးမှုသာ အရေးပါသည်ဆိုသည့် အကြောင်း အရာလေးတစ်ခု ပြောပြချင်ပါတယ်။ ကျွန်မ စီးပွားရေးဒီပလိုမာတက်တုန်းက စီးပွားရေးလောကမှာ အခြေစိုက်နေတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်လေးကို နားထဲမှာ ဇာတ်လမ်းတိုလေး တစ်ခုကို ယခုတိုင် ကြားယောင်နေဆဲပါပဲ။ ဇာတ်လမ်းလေးက တိုပေမယ့် ဇာတ်လမ်းကပေးတဲ့ အသိပညာကတော့ ဘဝအတွက် တစ်သက်မှတ်စရာလို့ ယူဆမိတဲ့အတွက် ပြန်လည် မျှဝေလိုက်ရခြင်းပင် ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်ဖို့ အတွက် ဘယ်နေရာမှာ ဘယ်ဒေသရောက်ရောက် ကံ၊ ဉာဏ်၊ ဝီရိယကိုသာ အားကိုးပြီး ကြိုးစား လုပ်ဆောင်ရမယ်ဆိုတဲ့ အသိလေးတစ်ခုလည်း ထပ်မံရရှိလာပါတယ်။ မိမိကိုယ်တိုင် ကြိုးစားမှရမယ်။ ဇွဲ ရှိမှရမယ်။ ဘာကြောင့်ဆိုတာ တွေဝေစရာမလိုပါဘူး။

သင့်အတွက် အလိုအပ်ဆုံးအရာက ဘာလဲ

 သင့်အတွက် အလိုအပ်ဆုံးအရာက ဘာလဲ

 လူသားတွေရဲ့ အခြေခံလိုအပ်ချက်ကြီးတွေထဲမှာ အရေးကြီးဆုံးက ဝင်ငွေ (Income) ဖြစ်ပါတယ်။ ဒီတော့ အရေးကြီးဆုံး ဝင်ငွေကို ရှာဖွေကြရာမှာ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ ဝင်ငွေလုံးဝမရှိသေးသူများဟာ အလုပ်အကိုင် (Job) တစ်ခုခုကို ရှာဖွေကြရမှာဖြစ်ပါတယ်။ ဝင်ငွေနည်းနည်း စုဆောင်းမိပြီးသူများဟာ မိမိရဲ့ ကိုယ်ပိုင်ငွေများ တိုးပွားလာရန်အတွက် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ရပါတယ်။ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ လုပ်ကြရပါတယ်။ ဒီဆောင်းပါးမှာတော့ အလုပ်အကိုင်အတွက်ပဲ အရင်ရေးမှာဖြစ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သက်လာရင် အစိုးရအလုပ်အကိုင်များ၊ ပြည်တွင်းအလုပ်အကိုင်များနဲ့ ပြည်ပအလုပ်အကိုင်များ အပြင် ကိုယ်ပိုင်လုပ်ငန်းငယ် Small Business လို့ခေါ်တဲ့ SMEs လုပ်ငန်းတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။ အစိုးရ အလုပ်အကိုင်တွေကတော့ လူအများစုတို့နဲ့ လက်လှမ်းမမှီတဲ့အတွက် မဖေါ်ပြနိုင်ပါဘူး။ ဒီတော့ အလုပ်အကိုင် ရှာဖွေသူများအနေနဲ့ ပြည်တွင်းအလုပ်အကိုင်များနဲ့ ပြည်ပအလုပ်အကိုင်များကိုဦးစားပေးပြီး ရှာဖွေရမှာ ဖြစ်ပါတယ်။



 
တမ္ပဒီပ (ခေါ်) ပုဂံသည်မြန်မာနိုင်ငံ၏ ပထမဆုံးဧကရာဇ်နိုင်ငံ တည်ထောင်ရာ မြို့တော်ဟူ၍ မြန်မာတို့အတွက် အမျိုးသားရေး လက္ခဏာတစ်ရပ်အနေဖြင့်၎င်း၊ များပြားလှသည့် ရှေးဟောင်းလက်ရာ စေတီပုထိုးများကြောင့်၎င်း၊ ကမ္ဘာလှည့်ခရီးသည်တို့ကို စွဲဆောင်ရာနေရာအဖြစ်၎င်း ကမ္ဘာကျော်သည့် နေရာတစ်နေရာ ဖြစ်သည်။ ကျွန်ုပ်တို့ တိုင်းနိုင်ငံ၏ သမိုင်း၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရှေးဟောင်းသုတေသန အစရှိသည်တို့အတွက် အချက်အလက် အထောက်အထားများစွာ ရနိုင်သော နေရာတစ်ခု ဖြစ်သည်။

Thursday, October 8, 2020

ခြင်နဲ့ ပုရွက်ဆိတ်

 


ခြင်
ဆင်ခြင်ဉာဏ်ကင်း
ညံ့ဖျင်းတဲ့လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ
ပုရွက်ဆိတ်
ထူးခြားသွက်လက်
ထက်မြက်တဲ့ဆင်ခြင်ဉာဏ်
ရင့်သန်တဲ့လုံ့လနဲ့
မနိုင်ဝန်အားမာန်နဲ့ထမ်း
ဘဝအတွက် စုဆောင်း
နောင်ရေးအတွက် မျှော်ကြည့်
အနာဂတ်ကို သိတဲ့သတ္တဝါ
လူ
ဘဝထဲကလူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
ကမ္ဘာလောကကြီးထဲ လျှောက်သွား
အတ္တတရားကို ရှေ့တန်းတင်
ခြင်သတ္တဝါကို အားကျ
တစ်ဘဝစာနဲ့ ကျေနပ်မှာလား….
ဒါမှမဟုတ်


ပုရွက်ဆိတ်ကို နည်းယူ
ကြည်ဖြူတဲ့စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား…
အဲဒါကို
သင် စဉ်းစား…..

မနောဖြူလေး

အလုပ်ခွင်အတွင်း စိတ်သဘောထားအမှန် ထားနိုင်ကြပါစေ

 


ယခုတစ်လော အလုပ်ခွင်အတော်များများတွင် ဖြစ်လေ့ဖြစ်ထရှိကြသည်မှာ လူတိုင် စိတ်ထားအမှန် မထားနိုင် ကြသူများကို နေရာဒေသအတော်များများတွင် တွေ့ရှိနေရပါသည်။ ကုမ္ပဏီဝန်ထမ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခု၏ ဝန်ထမ်းများ သို့တည်းမဟုတ် ဌာနဆိုင်ရာ နေရာများ၏ စိတ်သဘောထား အမှန်ဆိုသည်မှာ ကိုယ်လုပ်နေသော အလုပ် မည်မျှပင် ပင်ပန်းနေပါစေ၊ စိတ်ကုန်နေပါစေ မည်သူတွေ မည်သို့ စိတ်ထားရှိနေပါစေ အလုပ်ခွင်များတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်း လုပ်ဆောင်နိုင်ဖို့သာ အဓိက စိတ်သဘောထားအမှန်ပင် ဖြစ်ပါသည်။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေ ကြသည့် ဝန်ထမ်းအတော်များများသည် ငါတို့အတွက် ပြီးမှာ သူတို့အတွက်ဆိုတဲ့ သဘောထားခံယူချက်ကို လက်ကိုင်ထားနေကြပါသည်။

လူငယ်နှင့် ယဉ်ကျေးမှု


 


ကျွန်မတို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်တဲ့ နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံသူနိုင်ငံသား အများစုဟာလည်း ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။အဲဒီလို ဗုဒ္ဓဘာသာဝင်တွေထဲမှာ မိရိုးဖလာ ဗုဒ္ဓဘာသာနဲ့ မိမိကိုယ်တိုင်က မြတ်စွာဘုရားကို ကြည်ညိုပြီး မြတ်စွာဘုရားရဲ့ တရားတော်နဲ့ အဆုံးအမကို ရိုသေ လေးစားစွာ လိုက်နာနိုင်တဲ့ ဗုဒ္ဓဘာသာဝင်ဆိုပြီး ကျွန်မကတော့ အမျိုးအစား(၂)မျိုး ခွဲခြားကြည့် ပါတယ်။

လူမှုအသိုင်းအဝန်းတစ်ခုမှာ ဂုဏ်ယူမြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုဓလေ့တွေ အများကြီး ရှိကြပါတယ်။ အသက် ဂုဏ်ဝါ သိက္ခာကြီးသူတွေကို ရိုသေ လေးစားတတ်ဖို့၊ လူတစ်ဖက်သားကို ကူညီတတ်ဖို့၊ စည်းလုံး ညီညွတ်ကြ ဖို့ စတာတွေကို လူသားတွေက မျိုးရိုးစဉ်ဆက်အလိုက် ယဉ်ကျေးမှုကနေ လက်ဆင့်ကမ်းခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာ့ဓလေ့စရိုက်လေးတွေနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှုတွေ ကို နောင်လာ နောင်သား လူငယ်များကို လက်ဆင့်ကမ်း ပေးကြရမှာ မိဘဘိုးဘွားတွေနှင့် ဆရာသမား များမှာလည်း တာဝန်ရှိပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းကဆို ကိုယ့်မိဘ အဘိုးအဘွားမှ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်က သက်ကြီးဝါကြီးများကလည်း အမြင်မတော်တာရှိရင် သွန်သင်ဆုံးမလေ့ရှိပါတယ်။ ဒါကိုလည်း ကျွန်မတို့လို့ ကလေးတွေက လိုက်နာပြင်ဆင်ပြောင်းလဲကြပါတယ်။