Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, September 10, 2013

၂၂ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်သတင်း




၂၂ ကြိမ်မြောက် ဥရောပရုပ်ရှင်ပွဲတော်ကြီး စိတ်လှုပ်ရှားဖွယ်ရာ ရသများစွာတို့နဲ့အတူ ပရိသတ်ဆီသို့ တဖန်ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါသည်။ ဥရောပရုပ်ရှင်ပွဲတော် ကို စက်တင်ဘာ ၁၂ ရက် မှ ၂၂ ရက် အထိ နေပြည်တော်ရုပ်ရှင်ရုံ (အမှတ် ၂၄၂-၂၄၈ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့) တွင် ကျင်းပသွားပါမည်။
ယခုနှစ် ရုပ်ရှင်ပွဲတော်ကို ပြင်သစ်သံရုံး ရန်ကုန်မှ ဦးဆောင် ကျင်းပမည်ဖြစ်ပြီး ရန်ကုန်ရှိ ဥရောပသမဂ္ဂအဖွဲ့ဝင် နှင့် ဥရောပ ကောင်စီဝင် နိုင်ငံများဖြစ်သော ဂျာမနီ၊ ဆွစ်ဇာလန်၊ ဗြိတိန် နှင့် ပြင်သစ် မှ ရုပ်ရှင်ကား နှစ်ကားစီ၊ အစ္စရေး၊ ပိုလန် နှင့် ချက်ခ်ပြည်ထောင်စုသမ္မတနိုင်ငံ တို့မှ ရုပ်ရှင်ကားတစ်ကားစီ စုစုပေါင်း ၁၁ ကားကို ၃ နာရီ ၃၀ မိနစ် နှင့် ၆ နာရီ ၃၀ မိနစ် ပြပွဲချိန်များတွင် ပြသပါမည်။
ရုပ်ရှင်ပြပွဲကို စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြင်သစ်ရုပ်ရှင်ကား ဖြင့် ညနေ ၆ နာရီ ၃၀ မိနစ် တွင် စတင်မည်ဖြစ်ပြီး ဆွစ်ဇာလန် ရုပ်ရှင်ကား ဖြင့် စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီ ၃၀ တွင်ပြီးဆုံးမည်ဖြစ်ပါသည်။
ဗြိတိသျှရုပ်ရှင်မှလွဲ၍ ရုပ်ရှင်ကားအားလုံးသည် သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကား ပြောဆိုပြီး English စာတန်း ပါမည် ဖြစ်ပါသည်။ ရုပ်ရှင်လက်မှတ်များကိုပွဲမစမီ ၁၅ မိနစ်အထိ ဦးရာလူစနစ်ဖြင့်ထုတ်ယူနိုင်ပါသည်။


Note: No special invitation is needed to attend the festival. Tickets are free and can be collected at the cinema up to 15 minutes before the start of the film, on a ‘first come first served’ basis. Each screening is sure to be popular, so make sure you arrive in good time to collect your ticket.
We very much look forward to welcoming you to the 22nd European Film Festival.

SCREENING TIMETABLE

Thursday 12th September: Opening

6:30 pm
France
Les Neiges du Kilimandjaro
(The Snows of the Kilimanjaro) 

Friday 13th September

3:30 pm
Germany
Barbara
6:30 pm
Czech Republic
Odchàzení (Leaving)

Saturday 14th September

3:30 pm
Switzerland
More than Honey
6:30 pm
Great Britain
You’ve been Trumped

Sunday 15th September

3:30 pm
Poland
Cudowne lato (A Wonderful Summer)
6:30 pm
Israel
Mashehu Matok (Something Sweet)

Monday 16th September       

3:30 pm
Switzerland
Hoselupf
6:30 pm
Great Britain
Quartet

Tuesday 17th September

3:30 pm
Czech Republic
Odchàzení (Leaving)
6:30 pm
Germany
Whisky mit Wodka

Wednesday 18th September

3:30 pm
Israel
Mashehu Matok (Something Sweet)
6:30 pm
France
L’Illusionniste (The Illusionist)

Thursday 19th September

3:30 pm
Great Britain
You’ve been Trumped
6:30 pm
Switzerland
More than Honey

Friday 20th September

3:30 pm
Germany
Whisky mit Wodka
6:30 pm
Poland
Cudowne lato (A Wonderful Summer)

 Saturday 21th September

3:30 pm
Great Britain
Quartet
6:30 pm
Germany
Barbara
Sunday 22nd September: Closing

3:30 pm
France
L’Illusionniste (The Illusionist)
6:30 pm
Switzerland
Hoselupf


Wednesday, July 31, 2013

The Future of Leadership စီးပွားရေးဆိုင်ရာ ဟောပြောပွဲ


စီးပွားရေးဆိုင်ရာ ဟောပြောပွဲ
လူကြီးမင်းတို့အနေဖြင့် စီမံခန့်ခွဲမှု အတတ်ပညာများကို ပိုမိုတွင်ကျယ်စွာ လေ့လာနိုင်စေရန်၊ စီးပွားရေးနှင့် ပတ်သက်သော အတွေ့အကြုံဗဟုသုတများ၊ နည်းပရိယာယ်များ၊ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများအား သိရှိစေရန် ရည်ရွယ်၍ Myanmar B2B Management Magazine မှ အောက်ပါအစီအစဉ်အတိုင်း ဟောပြောပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ဟောပြောမည့် အကြောင်းအရာ
The Future of Leadership

ဟောပြောမည့်ပုဂ္ဂိုလ် - ပါမောက္ခဒေါက်တာ အောင်ထွန်းသက်
                             (Senior Advisor to the UN Resident Coordinator Myanmar)
ကျင်းပမည့် နေ့ရက် - ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၄) ရက် (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် - မွန်းလွဲ ၁း၀၀ မှ ၄း၀၀
ကျင်းပမည့်နေရာ - UMFCCI – Conference Hall
Contact Phone No. – 09-4200 333 55, 09-4200-7002

Tuesday, July 23, 2013

ပထမဦးဆုံး ချာစ်းမင်းသားရဲ့မြေးတောာ် တော်ဝင်မင်းသားလေး မွေးဖွားခြင်း

ဗြိတိန်တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်တို့ရဲ့ ပထမဦးဆုံး တော်ဝင်မင်းသားလေးကို လန်ဒန်မြို့ စိန့်မေရီဆေးရုံ၌ ဇူလိုင်လ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဒေသစံတော်ချိန် ညနေ လေးနာရီ နှစ်ဆယ့်လေးမိနစ်က မွေးဖွားခြင်းဖြစ်ပြီး ကလေးမှာ ကိုယ်အလေးချိန် ရှစ်ပေါင်ခန့်ရှိကြောင်း သိရှိရသည်။ ၎င်းတို့စုံတွဲက ကလေးကို စိန့်မေရီရှိ သီးသန့်ခန်းထဲတွင် မွေးဖွားခြင်းဖြစ်ပြီး မီဒီယာများကို နာရီပေါင်းများစွာ ကြာမှ အသိပေးခြင်းဖြစ်သည်။ ချားစ်မင်းသားကြီး အနေနှင့်လည်း ပထမဦးဆုံး မြေးဦး ရရှိခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ရဲ့ ပထမဦးဆုံး မြေးလေး ရလာပြီပေါ့… အဘိုး၊ အဘွားဖြစ်ရခြင်းဟာ ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတာတော့ အထူးပြောစရာမလိုတော့ပါဘူး၊ ကျွန်တော်တို့လည်း ၀ီလျံတို့ ကိတ်တို့လိုပဲ အရမ်းကို ပျော်ရွှင်နေပါတယ်၊ ဒီမြေးလေးရဲ့ အနာဂတ်ကိုပါ ကျွန်တော်စဉ်းစားနေပါတယ်”ဟု ချားစ်မင်းသားကြီးမှ ပြောကြားခဲ့သည်။
အဆိုပါ ၀မ်းမြောက်ဖွယ် သတင်းနှင့်အတူ ဘက်ကင်ဟန် နန်းတော်အပြင်ရှိ သတင်းထောက်များ အပါအ၀င် လူစုလူဝေးကြီး ဖြစ်ပေါ်ခဲ့သည်။ ပြည်သူတို့ကလည်း အဆိုပါ မင်းသားလေးရှိရာ နန်းတော်ထဲသို့ ၀ိုင်းဝန်းကြည့်ရှုနေကြပြီး ၀ီလျံ၊ ကိတ်တို့နှင့် အတူ အဆိုပါ မင်းသားလေးကို တွေ့မြင်ရန် စိတ်အားထက်သန်နေကြသည်။

Ref : http://www.businessinsider.com/royal-baby-born-2013-7