Thursday, May 16, 2013

သုံးရာသီ အလွမ်း


ချစ်သူရေ….
    နွေဦးရွက်ကြွေ၊ လေရူးဝေ့သော်
    ရင်မှာလေ နွမ်း၊ မင်းကိုလွမ်း၏။
    မိုးစက်လည်းကျ၊ မုတ်သုံစသော်
    ရင်မှာလေ တမ်း၊ မင်းကိုလွမ်း၏။
    ဆောင်းနှင်းစက်ကြွေ၊ နှင်းပန်းဝေသော်
    ရင်မှာလေ ချမ်း၊ မင်းကိုလွမ်း၏။
    နှစ်ဟောင်းလည်းကုန်၊ နှစ်သစ်ဆုံသော်
    ငါ့မှာလေ လန်း၊ မင်းကိုလွမ်း၏။
    ချစ်သူရေ………………..
    ရာသီချိန်ပြောင်း၊ နှစ်တွေလည်း ဟောင်း
    သတိရစိတ် တမ်းတမိလျက်
    ချိန်ခါပြောင်းလည်း
    မျှော်လင့်လျှက်ပါ ချစ်သူရယ်….

ရေးသားသူ – မနောဖြူလေး

No comments:

Post a Comment