Thursday, May 16, 2013

ဆွေးမြေ့ည

သံစဉ်မမှန်တဲ့ ဂီတာအိုတစ်လက်နဲ့
မင်းအတွက် သံစဉ်တွေ ရှာဖွေရင်း…
မင်ကုန်ခါနီး ဖောင်တိန်တစ်ချောင်းနဲ့
မင်းအတွက် သီချင်းတွေ သီဖွဲ့ရင်း…
ယိုင်နဲ့နဲ့ သံစဉ်တွေနဲ့ မပီမသစကားလုံးတွေ
မင်းအတွက် ဟစ်ကြွေးသီဆိုရင်း…
မှုန်ဝါးဝါး မျက်ဝန်းတစ်စုံနဲ့
အိပ်မက်များကို တမ်းတရင်း…
မင်းရင်ထဲမှာ ငါ့အတွက် နေရာရှာဖွေရင်း….
မျှော်လင့်ရင်းနဲ့ စောင့်နေဆဲ…..

မနောဖြူလေး ရေးဖွဲ့သည်။

No comments:

Post a Comment