Thursday, October 8, 2020

ခြင်နဲ့ ပုရွက်ဆိတ်

 


ခြင်
ဆင်ခြင်ဉာဏ်ကင်း
ညံ့ဖျင်းတဲ့လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ
ပုရွက်ဆိတ်
ထူးခြားသွက်လက်
ထက်မြက်တဲ့ဆင်ခြင်ဉာဏ်
ရင့်သန်တဲ့လုံ့လနဲ့
မနိုင်ဝန်အားမာန်နဲ့ထမ်း
ဘဝအတွက် စုဆောင်း
နောင်ရေးအတွက် မျှော်ကြည့်
အနာဂတ်ကို သိတဲ့သတ္တဝါ
လူ
ဘဝထဲကလူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
ကမ္ဘာလောကကြီးထဲ လျှောက်သွား
အတ္တတရားကို ရှေ့တန်းတင်
ခြင်သတ္တဝါကို အားကျ
တစ်ဘဝစာနဲ့ ကျေနပ်မှာလား….
ဒါမှမဟုတ်


ပုရွက်ဆိတ်ကို နည်းယူ
ကြည်ဖြူတဲ့စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား…
အဲဒါကို
သင် စဉ်းစား…..

မနောဖြူလေး

No comments:

Post a Comment