Friday, December 17, 2021

Caps Lock, Num Lock, Scroll Lock ကီးများကို မှားယွင်းစွာ သုံးမိပါက အသံ သို့မဟုတ် အရိပ်ပြပြီး အချက်ပေးနည်း

 Enable/Disable Num Lock, Caps Lock, Scroll Lock Beep Sound in Windows 10 -  YouTube

တစ်ခါတစ်ရံ မတော်တဆ Caps Lock ကို ထိမိကာ ပွင့်နေခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် Num Lock ကီးကို ပိတ်မိရင် လည်း Keypad ကို သုံးလို့ မရတတ်ပါ။ ထိုသို့ အမှားများ ပြုလုပ်မိပါက အရေးကြီးသော အလုပ်လုပ်မည်ဆိုရင် နှောင့်နှေးစေ တတ်ပါတယ်။ ဒါကြောင့် အမှားပြုလုပ်မိပါက အသံနှင့် သတိပေးခြင်း သို့မဟုတ် မော်နီတာတွင် အချက်ပြခြင်းများပြုရန် တင်ပြပေးလိုက်ပါတယ်။ လိုအပ်မယ်လို့လည်း ထင်ပါတယ်။ ဒါမှမဟုတ် သိပြိးသားလည်း ဖြစ်ချင်ဖြစ်နေမှာပါ။ သိသလောက်ကို ပြောပြခြင်းသာ ဖြစ်ပါတယ်။

၁။ Start ထဲက Control Panel ကို ဖွင့်ပါ။
၂။ အတွင်းမှ Accessibility Options ကို ထပ်မံရွေးချယ်ပါ။
၃။ Accessibility Options(BOX) ပွင့်လာပါမည်။ ကီးဘုတ် tab သို့ပြောင်းပါ။
၄။ အတွင်းမှ Toggle keys အောက်မှ Use Toggle keys မှာ အမှတ်ပေးလိုက်ပါ။
၅။ ပြီးရင် Sound(tab) ကို ပြောင်းပေးပါ။
၆။ Sound Sentry အောက်မှ Use Sound Sentry ကို ရွေးချယ်လိုက်ပါ။
၇။ ထိုအခါ visual warning အတွက် ရွေးချယ်စရာများကို ပြပေးထားပြီး နှစ်သက်ရာတစ်ခုခုကို ရွေးလိုက်ပါ။ ဥပမာအားဖြင့် Flash the active caption bar, Flash the active window, Flash the desktop ဆိုပြီး ပြပေးထားရာ ယင်းမှ Flash the active window ကို ရွေးချယ်လိုက်ပါ။
၈။ Apply ကို နှိပ်ပြီး ok ကို ထပ်နှိပ်လိုက်ပါ။
ပြီးရင် စမ်းသပ်လို့ရပါပြီ။ Caps Lock ကို ဖွင့်ကြည့်လိုက်ပါ။ ထိုအခါ အသံတစ်သံထွက်လာလိမ့်မည်။ ဒါမှမဟုတ် မော်နီတာတွင် ဖျတ်ခနဲ အရိပ်တစ်ခုပေါ်လာမည်ကို မြင်ရပါလိမ့်မည်။ ကီးတစ်ခုခုကို မှားယွင်းစွာ နှိပ်လိုက်မိရင် သတိပေးမည့် အကြောင်းအရာကို တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

 

No comments:

Post a Comment