Sunday, October 25, 2020

ကျွန်မပြောသော ကျွန်မရဲ့အကြောင်း

 


ကျွန်မရဲ့နာမည် ………… မနောဖြူလေး

ကျွန်မကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… မနော

ကျွန်မဒီမှာနေတယ်………… နေစကြဝဠာ၊ ပြာလဲ့လဲ့မိုးကောင်းကင်ကြီးရဲ့အောက် ကမ္ဘာမြေပေါ်တစ်နေရာ

ကျွန်မဆီဖုန်းဆက်ချင်ရင်………… လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်သည် ဆက်သွယ်မှုအတွင်းတွင် ရောက်ရှိနေပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင်


ကျွန်မရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်………… မိုးပြာရောင်

အဝတ်အစားဆိုရင်………… သွားလို့လာလို့နေလို့ထိုင်လို့ သင့်တော်ပြီး သူ့နေရာနဲ့သူ ဝတ်စားဆင်ယင်မှု (မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အဝတ်အစား)

အစားအစာဆိုရင်………… စားချင်တဲ့အစားပဲစား မစားချင်တာ ကျွေးလို့မရ(ဝက်သား၊ အမဲသားမစား)

ပစ္စည်းဆိုရင်………… ကိုယ့်မှာရှိတာ မြတ်နိုးတယ်။ လက်ဆောင်ရတာလေးတွေ တန်ဖိုးထားတယ်။

သီချင်းဆိုရင်………… အိုင်စီအသဲစွဲ၊ အဲဒီထဲကမှ အငဲ၊ လေးဖြူရဲ့ မမေ့နိုင်သီချင်းပိုနှစ်သက်၊ မျိုးကျော့မြိုင်အသံစာသားကြိုက်၊ ရင်ဂို၊ ဖိုးကာ၊ လွှမ်းမိုး၊ အနိုင်တချို့စာသားကြိုက်၊ ရှိသေးတယ် မရေးတော့ဘူးနော်။

စာရေးစာဆရာ………… ပါရဂူ၊ နတ်နွယ်၊ မင်းကျော်၊ ကျော်အောင်၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ဂျာနယ်ကျော်မမလေး၊ ခင်စောတင့်၊ မိုးမိုး(အင်းလျား)၊ ဝင့်ပြုံးမြင့်(ဂျာမန်ဘာသာပြန်)၊ တင်မောင်မြင့်(ဘာသာပြန်)၊ ကျန်သေးတယ်။ ရေးရင်တောင် နေရာဆန့်မှာ မဟုတ်ဘူး။ မရေးတော့ဘူးနော်။

စာအုပ်………… သွေး၊ မြန်မာပြည်မြောက်ပိုင်း(စစ်အခြေအနေ)၊ နေမင်းတစ်ထောင်(မြန်မာပြည်အကြောင်းအစစ်အမှန်)၊ မလိခ၊ ဝင့်ပြုံးမြင့်ရဲ့ မိသားစုတစ်စု၏ကျရှုံးခန်း၊ သေသော်မှသည် ဪ ကောင်း၏၊ အဖြူကို မည်သူ အနက်ဆိုးသနည်း… စသည်

ကျွန်မရဲ့ဝါသနာ………… စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ကွန်ပျူတာကလိခြင်း၊ ဂိမ်းကစားခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘောလုံးကန်ခြင်း၊ မိုးရွာထဲ စက်ဘီးလျှောက်စီးရခြင်း၊

အလိုချင်ဆုံးလက်ဆောင်………… ကျွန်မဝန်းကျင်မှလူသားအားလုံးရဲ့မေတ္တာစေတနာ

ကျွန်မရဲ့ အချစ်ဆုံးသူ………… အဲ… ဘယ်လိုပြောရမလဲ ဖေဖေနဲ့မေမေပေါ့

ကျွန်မရဲ့ အလေးစားဆုံးသူက………… ကျွန်မကို ဦးဆောင်လမ်းပြပေးတဲ့ ဖေနဲ့မေရယ် ပတ်ဝန်းကျင်က သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံး… အားလုံး… အားလုံးပေါ့။

ကျွန်မရဲ့ အခင်ဆုံးသူငယ်ချင်းက………… ကျွန်မကိုအများဆုံး နားလည်မှုပေးနိုင်ပြီး အရာအားလုံး လိုက်လျောညီထွေစွာနေတတ်သူ

ကျွန်မကို အများဆုံးနားလည်မှုပေးနိုင်သူက………… လောလောဆယ် ဖေရယ်မေရယ် မောင်နှမတွေရယ် သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရယ်… နောက် ဟဲဟဲ သူရယ်…. ….. ရယ်….

ကျွန်မရဲ့ အမုန်းဆုံးသူ………… ကျွန်မဘက်က ၁၀ဝ ရာခိုင်နှုန်းမရှိ

ရင်အခုန်ဆုံးအချိန်………… ဟိုတစ်လောက အလုပ်မှာ ရင်အခုန်မြန်ပြီး အသက်ရှူရပ်သွားဖူးတယ်။ (ဆရာဝန်က ပြောတယ် လည်ပင်းအရိုးကျီးပေါင်းဖြစ်တာတဲ့။ နားရမယ်တဲ့ ဟိုက်ရှာလပတ် သေရော)(ရင်ခုန်ရလွန်းလို့ ရူးမှာပဲ)

အကြောက်ဆုံးအချိန်………… ကောင်းတဲ့အိပ်မက်ကနေ လန့်နိုးမှာကိုပဲ

အပျော်ဆုံးအချိန်………… ရှိခဲ့လား မရှိဘူးလားဆိုတာတောင် မမှတ်မိ
အမှတ်တရနေ့………… အင်း အများကြီးရှိတာပေါ့ ငယ်တည်းကဆို ပြောလို့ဆုံးမှာတောင် မဟုတ်ဘူး။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… နတ်လူသတ္တဝါအပေါင်း ကျန်းမာချမ်းသာခြင်းများနှင့် လိုအင်ဆန္ဒများပြည့်စုံကြပြီး အေးချမ်းမှုအပေါင်း ရရှိနိုင်ကြပါစေ…

အချစ်ဆိုတာ………… ပြောရရင်တော့ အစစ်ပဲလိုချင်တယ်။ အတ္တကြီးတယ်ပြောပြော တစ်ကိုယ်ကောင်းဆန်တယ်ပြောပြော။ နှစ်ဦးနှစ်ဖက် တကယ် မြတ်နိုးကြင်နာနားလည်မှုပေးနိုင်တဲ့ဘဝ၊ အေးချမ်းတည်ငြိမ်တဲ့ ဘဝလေးပေါ့။

အမုန်းဆိုတာ………… အရှုံးသမားအတွက်လို့ လူတွေပြောကြပေမယ့် အရှုံးသမားတိုင်းဟာ အမုန်းသမားမဖြစ်ကြပါဘူး။ မုန်းတယ်ဆိုတာဟာလည်း ချစ်နေသေးလို့ပဲလို့ ခံယူမိတယ်လေ။

အလွမ်းဆိုတာ………… လွမ်းတယ်ဆိုတာ ဘာကို ဘယ်လိုလွမ်းရမှန်းမသိဘူးဖြစ်နေတာ လွမ်းတော့လွမ်းတယ်။ ဘာကို လွမ်းရမှန်းမသိ။

သံယောဇဉ်ဆိုတာ………… သံယောဇဉ်ကြိုးဟာ တစ်ဦးနဲ့တစ်ဦး မမြင်ရပေမယ့် ရင်ထဲကိုယ်စီရှိနေကြမယ်ဆိုရင် ရေရှည်တည်မြဲခိုင်မာပြီး သစ္စာရှိနေမှာ ဖြစ်ပါတယ်။

ဘဝဆိုတာ………… ခုလောလောဆယ်တော့ ရုန်းကန်ခြင်းဆိုတာထက် တိုးကန်ခြင်း အဲ ဘတ်စ်ကားစီးတာကို ပြောတာပါ။ တိုးတက်နေရတုန်းလေ။

သူငယ်ချင်းဆိုတာ………… ကိုယ့်အပေါ်အရမ်းကောင်းပြီး လိုအပ်နေချိန်မှာ အမြဲကူညီနေတဲ့သူ၊ အရာအားလုံး သည်းခံခွင့်လွှတ်နားလည်ပေးတဲ့သူ(ကျွန်မအနားမှာတော့ ပြည့်စုံနေပါတယ်။)

ချစ်သူဆိုတာ………… မဖြေတတ်ဘူးရှင့်။ ကိုယ့်အပေါ် အရမ်းချစ်ပြီး နားလည်မှုများနှင့် တစ်သက်လုံး လက်တွဲသွားမယ့်သူပေါ့။

ကိုယ့်ကိုယ်ကိုယ်ဒီလိုထင်တယ်………… လိုအပ်ချက်တွေ များနေသောသူ

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်။ မဖြစ်နိုင်တာ မရှိဘူး။ မဖြစ်သေးတာဘဲရှိတယ်။(ဘုရားရှင်လက်ထက်တော်ထဲက ရဟန္တာမ အပါးငါးရာ ပေါ်ပေါက်ခဲ့သေးတာပဲ)

အပြောချင်ဆုံးစကားများ………… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားပါ။ ဖြစ်ချင်တာတွေကို စိတ်မှ စွဲမြဲနေအောင် ထားပါ။ ပြီးတော့ လုပ်ပါ။ မိဘကျေးဇူးဆပ်နိုင်အောင် ကြိုးစားပါ။ ဘာလုပ်လုပ် စဉ်းစားဆင်ခြင်ပြီးမှ ဆုံးဖြတ်ပါ။ မည်သူကိုမဆို အကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပါ ပြောပါ။ အားပေးပါ။ အမြဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးဆိုတာ သဘောပေါက်နားလည်ထားပါ။ စိတ်ညစ်ရင် ပျော်တဲ့စိတ်ကို တွေးကြည့်ပါ။ အရာအားလုံးကို အပြုံးနဲ့ရင်ဆိုင်နိုင်ကြပါစေလို့ စိတ်ရဲ့အရင်းခံနဲ့ ပြောလိုက်ပါရစေ။

No comments:

Post a Comment