မြန်မာပြည်မှာ ခေတ်ပညာတတ်လူငယ်တွေများလာတာနဲ့အမျှ တိုးတက်မှုတွ ရှိလာသလို၊ ဆုတ်ယုတ်မှုတွေ လည်း ရှိလာကြတာကို မြင်တွေ့ရလို့ အခုလို အကြံပြု တင်ပြရေးသားလိုက်ခြင်းပင် ဖြစ်ပါတယ်။ အထူးသဖြင့် စာရေးဆရာ/ဆရာမ အများစုဟာ အချစ်ကြမ်းကြမ်း၊ အလွမ်းတွေပဲ အရေးများပြီး ရောင်းတန်းဝင်ရေးကိုသာ အလေးထားလာကြတာ အများအားဖြင့် အတွေ့များလာပါတယ်။ အမှန်တော့ စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါပဲ။ စာအုပ်ဖြစ်အောင် မနည်းရေးတဲ့ စာရေးသားသူ စာရေးဆရာ၊ ဆရာမတွေကို လည်း လေးလည်းလေးစားပါတယ်။ ချစ်လည်း ချစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရမ်းအားကျ ပါတယ်။ ကျွန်မကတော့ စာရေးတာထက် စာဖတ်တာကို ဝါသနာထုံတဲ့သူပါ။ စာကလည်း ရေးတတ်မှ ဖတ်သူ စိတ်၀င်စားမှာပါ။
အထူးသဖြင့် ဗဟုသုတရဖွယ်လေးတွေကို ရှာဖွေ ဖတ်တဲ့အကျင့်ကြောင့်ပါ။ ယခုခေတ်ကာလမှာ လူငယ်တွေ အတွက် အပျော်ဖတ်စာပေတွေသာ ရောင်းပန်းလှနေပြီး ဗဟုသုတဖြစ်ဖွယ်များကတော့ လမ်းဘေးက စာအုပ်ဆိုင်တွေမှာ ချရောင်းနေကြတာကို ဝမ်းနည်ဖွယ်တွေ့နေရလို့ပါပဲ။ အဲဒါကြောင့် စာရေးဆရာ/ဆရာမ များအနေနဲ့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် လူငယ်တွေကို မီးမောင်း ထိုးပြနိုင်မယ့် ဗဟုသုတ ဖြစ်ဖွယ်၊ သတင်း၊ ဆောင်းပါး၊ စာပေ၊ ဝတ္ထုများကို တတ်နိုင်သမျှ များများ ရေးသားပေးကြစေလိုပါတယ်။